စစ်ကိုင်းရှိ ပဒူရွာရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၊ ပေါင်းတည်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးပြင်းထန် ဒဏ်ရာရ
ရန်ကုန်၊ ဇူလိုင် ၃
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ပဒူရွာရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၁၅ (Eagle Guerilla Force ဗိုလ် ကောက်ရိုး) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ဇူလိုင်လ ၃ ရက် ညနေ ၅ နာရီ ၁၈ မိနစ်ခန့်တွင် အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီး ၇၀ ခန့်ဖြင့် တပ်စွဲထားသော ပဒူရွာရဲစခန်းကို ဒရုန်းဖြင့် ဗုံး ၁၀ လုံးကျဲတိုက်ခိုက်ခဲ့ရာ ရဲစခန်းအတွင်းရှိ အချုပ်ခန်း အတွင်းသို့ လည်းကောင်း၊ ရဲကင်းစခန်းအနီးသို့လည်းကောင်း၊ ရဲကင်းစခန်းရုံးပေါ်သို့လည်းကောင်း၊ ရဲစခန်းဝင်ပေါက်၌လည်းကောင်း အသီးသီးကျ ရောက်ပေါက်ကွဲခဲ့ပြီးအများအပြားထိခိုက်ဒဏ်ရာရရှိကာ အကြမ်းဖက်စစ်သား၊ ပျူစော ထီး၊ ရဲအချို့မှာ ပဒူရွာအနီးရှိ ကံကြီးကုန်းကျေးရွာဘက်သို့ ဝရုန်းသုန်း ကား ထွက်ပြေးသွားကြောင်း သိရ သည်။
“ပဒူရဲစခန်းထဲကနေ သူတို့လူသူတို့ကို မခေါ်နိုင်ဘူး၊ကံကြီးကုန်းဘက်ကို လွတ်အောင်ပြေးတာ၊ ထိခိုက် ဒဏ်ရာရတာတွေလည်းတော်တော်များတယ်၊ ကျန်နေခဲ့တဲ့အလောင်းတွေလည်းရှိတယ်လို့ ပြောတယ်၊ ခွေးသေအရေအတွက်က အတိအကျမသိရသေးတာ၊ စခန်းမှာက ပျူခွေး၊ စစ်ခွေး၊ ရဲခွေးအကုန်လုံးရှိ တာ၊ ပြေးတာမှ ဝရုန်းသုန်းကားထွက်ပြေးတာ၊ ပဒူရွာက ညောင်ငုတ်တို့ ပျူရွာနဲ့လည်းနီးတယ်၊ ညောင် ငုတ်တိုရွာမှာက အကောင်ကြီးကြီးရှိတယ်ဗျ၊ အဲဒီရွာကို ဝိုင်းရင် ဘယ်လိုပဲ ဝိုင်းဝိုင်း ဂျက်ဖိုက်တာ တန်း လာတာ၊ အခုတောင် အဲဒီဖိုက်တာတွေ ဝဲနေတယ်၊ ပဒူရွာ ပတ်ပတ်လည်ရော၊ ဘေးတွေရော နှစ်ခေါက် ရှိပြီ၊ ပဒူရွာထဲမှာ ကျန်နေခဲ့တဲ့ ခွေးတစ်ချို့က ဓာတ်မီးတွေ နဲ့အပေါ်ထောင်ပြီး ထိုးနေတယ်၊ အချက်ပြ တာလား မသိဘူး၊” ဟု ရွှေဘိုခရိုင်တပ်ရင်း ၁၅ (Eagle Guerilla Force ဗိုလ် ကောက်ရိုး)အဖွဲ့မှတာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုခရိုင်တပ်ရင်း ၁၅ (Eagle Guerilla Force ဗိုလ် ကောက်ရိုး)တပ်ဖွဲ့၊ ကျောက်ဆည်ခရိုင်တပ်ရင်း ၁ ၊(နဂါးနီးတပ်ရင်း) ၊ ကျောက်ဆည်ခရိုင် ဒရုန်းတပ်ဖွဲ့(လေသူရဲ ဒရုန်း တပ်ဖွဲ့)၊ မြင်းခြံခရိုင် တပ်ရင်း ၇ (Zero ပြောက်ကျားတပ်ဖွဲ့) ၊ ဆားတောင်မိုးကြိုးတပ်ဖွဲ့၊ GTR MMU နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်မှ ၉၀ မမ လက်နက်ကြီး ၂ ချက်နှင့် လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအထိအခိုက်မရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ပေါင်းတည်မြို့နယ် ၃၆၀၁ PPDF တပ်ရင်း၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇွန်လ ၂ ရက်ရက်နေ့ နံနက် ၈ နာရီခန့်တွင် ပေါင်းတည်မြို့နယ်၊ တောင်ခမောက်ရွာမှ စစ်ကြောင်းထိုး ထွက်ခွာလာသည့် စစ်သား ၃၆ ဦးပါ စစ်ကြောင်းနှင့် ပေါက်ပင်ကွင်းရွာမှ စစ်ကြောင်းထိုးရန် ထွက်လာသည့် အင်အား ၂၁ ဦးပါ စစ်ကြောင်းတို့ နှစ်ဖွဲ့ ပေါင်းမိသွား ရစ်မတောင်သို့ထွက်ခွာလာလာစဥ် မြောက်ဘက်ကြော အရောက်၌ ကာကွယ်ရေး တပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (၃၆၀၁ PPDF) တပ်ရင်း တပ်ခွဲ ၅ နွေဦးအဖွဲ့မှ ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး မိုင်းကွင်းထဲအရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦးအပြင်းအထန် ဒါဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
မိုင်းဆွဲ တိုက်ခိုက်ပြီးနောက် အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ရဲဘော်များ အထိအခိုက် မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။