35 C
Yangon

ဒီပဲယင်းရှိ စိုင်ပြင်ကြီး ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ ဝက်လက်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး

Must read

ဒီပဲယင်းရှိ စိုင်ပြင်ကြီး ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ ဝက်လက်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၃

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်ကြီး ရဲစခန်းကို ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း အဖြူရောင် ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၃၀ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ် ခန့်တွင် ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်ကြီးရဲစခန်းမှ စစ်သား ၄ ဦးက စခန်းရှေ့ရှိ ကားလမ်းကို ပိတ်နေစဥ် တော်လှန်ရေး တပ်ဖွဲ့များက ၂ နေရာခွဲပြီး ၄၀ မမ ဗုံးသီးများဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ပစ်ခတ်မှုအတွင်း အကြမ်းဖက် စစ်သား ၂ ဦး သေဆုံးပြီး ကျန် ၂ ဦးမှာ ပြင်းထန် ဒဏ်ရာများ ရရှိကာ ဇွန်လ ၁ ရက်နေ့၌ ၁ ဦးထက်မံသေဆုံးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို အဖြူရောင် ပကဖ၊ A2k ပကဖ၊ ရန်ကြီးအောင် PDFနှင့် နယ်စည်းမခြား ဖရီးဒမ်း ဖက်ဒရယ်စစ်ကြောင်း ၁ တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိန်းမကားကျေးရွာကို ပြန်လည်သည့် အကြမ်းဖက် စစ်တပ် စစ် ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း တောကြီးမြွေပွေး တပ်ဖွဲ့ ထံမှ သိရသည်။

ယမန်နေ့ ဇူလိုင်လ ၂ ရက်နေ့က ဝက်လက်မြို့နယ်အတွင်းရှိ ကျေးရွာများကို လှည့်လည်ခိုးယူပြီး ရှိန်းမကားကျေးရွာကို ပြန်လည်ဝင်ရောက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ရှိန်းမကား ကျေးရွာနှင့် ရွှေတောင်ကျေးရွာ အကြား၌ တော်ကြီးမြွေပွေးတပ်ဖွဲ့နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များက မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦး သေဆုံးပြီး ထိခိုက် ဒဏ်ရာ ရရှိသူအချို့ရှိကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှလည်း ထိခိုက်ဒဏ်ရာ ရရှိသူ အချို့ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article