37 C
Yangon

လွိုင်လင်လေးမြို့ အခြေစိုက် ခလရ ၅၃၀ တပ်ကို ဝင်ရောက် တိုက်ခိုက်၊ စစ်တပ်က လက်နက်ကြီးဖြင့် ကျေးရွာများအတွင်း ပစ်ခတ်မှုကြောင့် နေအိမ်များပျက်စီး

Must read

လွိုင်လင်လေးမြို့ အခြေစိုက် ခလရ ၅၃၀ တပ်ကို ဝင်ရောက် တိုက်ခိုက်၊ စစ်တပ်က လက်နက်ကြီးဖြင့် ကျေးရွာများအတွင်း ပစ်ခတ်မှုကြောင့် နေအိမ်များပျက်စီး

ရန်ကုန်၊ ဇူလိုင် ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်လေးမြို့အခြေစိုက် ခလရ ၅၃၀ တပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း KNDF တပ်ရင်း ၁၂ ထံမှ သိရသည်။

ဇူလိုင်လ ၂ ရက် နံနက်ပိုင်းက လွိုင်လင်လေးမြို့အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခလရ ၅၃၀ တပ်အား အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ လွိုင်လင်လေးမြို့နယ်၊ လင်ဖုံးကြီး ကျေးရွာနှင့် နမ့်ဟူးကျေးရွာများအတွင်းသို့ ပစ်ခတ်ခဲ့ရာ လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရ သည်။

အဆိုပါ အကြမ်းဖက် စစ်တပ်ကို KNDF B/12 ၊ B/14 ၊ KA တို့ ပူးပေါင်းကာ ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား မကြခဏ တိုက်ပွဲ များ ဖြစ်ပေါ်နေပြီး အကြမ်းဖက် စစ်သားများကို အားကောင်းစွာ ထိုးနှက်တိုက်ခိုက်နိုင်ရန် ပြည် သူလူထုမှ ထောက်ပို့အားဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန်နှင့် လတ်တလော စစ်ရေးအခြေအနေအရ လွိုင် လင်လေး – ထီးစဲခါး လမ်းပေါ်တွင် စစ်ရေးအသိသတိထား၍ သတိပြုသွားလာကြပါရန် KNDF တပ်ရင်း ၁၂ က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article