37 C
Yangon

ဟားခါး တိုက်ပွဲ၌ စစ်တပ်၏ သံချပ်ကာ ကား ၂ စီးကို ဖျက်ဆီးနိုင်ခဲ့သည့် ချင်းကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့အား NUG အစိုးရက ငွေကျပ် သိန်း ၄၀၀၀ ချီးမြှင့်

Must read

ဟားခါး တိုက်ပွဲ၌ စစ်တပ်၏ သံချပ်ကာ ကား ၂ စီးကို ဖျက်ဆီးနိုင်ခဲ့သည့် ချင်းကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့အား NUG အစိုးရက ငွေကျပ် သိန်း ၄၀၀၀ ချီးမြှင့်

ရန်ကုန်၊ ဇူလိုင် ၄

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲ၌ စစ်တပ်၏ သံချပ်ကာ ကား ၂ စီးကို ဖျက်ဆီးနိုင်ခဲ့သည့် ချင်းကာကွယ်ရေး တပ်ဖွဲ့အား NUG အစိုးရက ငွေကျပ် သိန်း ၄၀၀၀ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဧပြီလ ၁၃ ရက်နေ့က ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များမှ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာအနီးတွင် အကြမ်းဖက် စစ်တပ်၏ သံချပ်ကာကား ၂ စီးနှင့် ယာဥ်တန်းကို တိုက်ခိုက် ဖျက်ဆီး နိုင်ခဲ့သောကြောင့် အမျိုးသားညီညွတ်ရေးအစိုးရက ယနေ့ ဇူလိုင်လ ၄ ရက်နေ့တွင် ပြုလုပ်သည် ၂၂ ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ငွေကျပ် သိန်း ၄၀၀၀ ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အစည်းအဝေးတွင် ချင်းတော်လှန်ရေး အင်အားစုများက အကြမ်းဖက် စစ်အုပ်စု၏ သံချပ်ကာ ယာဉ် ၂ စီးကို ချေမှုန်း ဖျက်ဆီးနိုင်ခဲ့သော အထောက်အထားများနှင့် တကွ တင်ပြလာသည့် အတွက် စိစစ် ချီးမြှင့်ရေးအဖွဲ့က လေ့လာသုံးသပ် စိစစ်ကာ အတည်ပြုနိုင်ခဲ့သောကြောင့် အမျိုးသား ညီညွတ်ရေး အစိုးရအနေဖြင့် ထုတ်ပြန်ခဲ့သည့် ကြေညာချက်နှင့် အညီ သံချပ်ကာယာဥ် ၁ စီးကို ကျပ်သိန်း ၂၀၀၀နှင့် ၂ စီးအတွက် မြန်မာကျပ်ငွေ သိန်း ၄၀၀၀ ကို ချင်းပြည်နယ် CNF/CAN + CDAs ရဲ့ တာဝန်ရှိသူတွေကို ဂုဏ်ပြု ချီးမြှင့်ခဲ့ကြောင်း သိရသည်။

” ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့တုန်းက ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဟာ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာအနီးမှာ အကြမ်းဖက် စစ်ကောင်စီရဲ့ သံချပ်ကာကား ကား ၂ စီးနဲ့ ယာဉ်တန်းကို တိုက်ခိုက်ဖျက်ဆီး နိုင်ခဲ့ကြပါတယ်။ ဒီသတင်းကို ကြားရချိန်တုန်းက ကျွန်တော်တို့ အားလုံး အံ့ဩ ဝမ်းသာဖြစ်ခဲ့ပြီး တော်လှန်ရေးအတွက်လည်း တကယ်ကို အားတက်ခဲ့ကြရပါတယ်။ ဒီလို ကြီးမားတဲ့ အောင်မြင်မှုမျိုးကို စွမ်းဆောင်နိုင်တဲ့ ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ အပါအဝင် တိုင်းပြည်အာဏာကို စစ်တပ်က မတရား လုယူခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက စလို့ ဒီတော်လှန်ရေးကြီးမှာ မဆုတ်မနစ် ဇွဲသတ္တိရှိရှိနဲ့ ရှေ့ဆုံးက ဦးဆောင်ပါဝင်ခဲ့ကြတဲ့ ချင်းအမျိုးသားများ အားလုံးကိုလည်း အထူး လေးစားဂုဏ်ယူ ကြောင်း ပြောကြားလိုပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အစည်းအဝေးတွင် ပြောကြားခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article