37 C
Yangon

စစ်သားနှင့်ရဲအယောင်ဆောင်ပြီး တပ်ရင်းတပ်ဖွဲ့များ၊ ရဲစခန်းများ၊ အစိုးရရုံး ဝန်ကြီးဌာနများကို PDF များက တိုက်ခိုက်လာနိုင်သဖြင့် လုံခြုံရေး အထူး သတိပြုရန် စစ်ကောင်စီက လျှို့ဝှက်ညွှန်ကြားချက် ထုတ်ပြန်

Must read

စစ်သားနှင့်ရဲအယောင်ဆောင်ပြီး တပ်ရင်းတပ်ဖွဲ့များ၊ ရဲစခန်းများ၊ အစိုးရရုံး ဝန်ကြီးဌာနများကို PDF များက တိုက်ခိုက်လာနိုင်သဖြင့် လုံခြုံရေး အထူး သတိပြုရန် စစ်ကောင်စီက လျှို့ဝှက်ညွှန်ကြားချက် ထုတ်ပြန်

■ အင်အားနည်းသော တပ်နှင့်ရဲစခန်းများကို အချိန်မီ ရုပ်သိမ်းပြီး ခုခံစစ် အတွက် အင်အားခိုင်မာစေရေး စုဖွဲ့ပြင်ဆင်ရန်လည်း နှုတ်မိန့်များထုတ်ပြန်

ရန်ကုန်၊ ဇူလိုင် ၄

မြန်မာနိုင်ငံတစ်ဝန်းတွင် စစ်သားနှင့်ရဲအယောင်ဆောင်ပြီး တပ်ရင်းတပ်ဖွဲ့များ၊ ရဲစခန်းများ၊ အစိုးရရုံးဝန်ကြီးဌာနများကို PDF များက တိုက်ခိုက်လာနိုင်သဖြင့် လုံခြုံရေး သတိပြုရန် စစ်ကောင်စီက လျှို့ဝှက်ညွှန်ကြားချက်တစ်ရပ်ကို ထုတ် ပြန်သည်။

ဇူလိုင်လ ၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော စစ်ကောင်စီ၏ ညွှန်ကြားချက် တွင် စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးဌာန/ဦးစီးဌာန၊တိုင်းနှင့်ပြည် နယ် အဆင့် အစိုးရအဖွဲ့ရုံးများ၊ ခရိုင်နှင့်မြို့နယ်အဆင့်အစိုးရအဖွဲ့ရုံးများ၊ဌာန ဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ရဲစခန်းများကို ယခုလာမည့် ရက်ပိုင်းအတွင်း PDF များက အလစ်အငိုက်တိုက်ခိုက်ရန် စီစဉ်နေကြောင်း၊ ထို့ကြောင့် လုံခြုံရေး အထူးသတိပြုရန် ညွှန်ကြားကြောင်း သိရှိရသည်။

စစ်ကောင်စီလက်အောက်ခံ တပ်စခန်းများ၊ရဲစခန်းများ၊ရုံးဌာနများကို ယခု ရက်ပိုင်း အတွင်း အလစ်အငိုက်ရယူတိုက်ခိုက်ရန်ရှိကြောင်း သတင်းရရှိ ထား ကြောင်း၊ ခရိုင် မြို့နယ် အလိုက်မိမိတို့အုပ်ချုပ်မှု နယ်မြေအတွင်းရှိ အရေးကြီး အဆောက်အဦးများ လမ်းတံတားများ၏ လုံခြုံရေးအား တပ်နယ် များနှင့် ပေါင်းစပ်၍ လုံခြုံရေးအထူးဂရုပြုဆောင်ရွက်သွားကြရန်၊ ရုံးအဆောက် အအုံများနှင့်ပတ်သက်၍ ရန်သူမှ ပါဆယ်ဗုံး၊ကား/ဆိုင်ကယ်ဗုံးများနှင့် ဖောက် ခွဲတိုက်ခိုက်ခြင်း ၊ မိမိတို့၏တပ်၊ရဲ၊မိတ်ဖက်အဖွဲ့အစည်းဝတ်စုံများ ဝတ်ဆင်၍ အယောင်ဆောင်တိုက်ခိုက်ခြင်းများ ပြုလုပ်လာနိုင်သဖြင့် လုံခြုံရေး အစီအမံ များကို အောက်ခြေအဆင့်အထိချ ပြကာ ဆောင်ရွက်သွားကြရန်နှင့် ထူးခြား ဖြစ် စဉ် များ သတင်းရရှိမှုများအား အချိန်နှင့်တပြေးညီ တင်ပြသွားကြရန် ညွှန်ကြားချက်ထုတ် ပြန်လာခြင်း ဖြစ်သည်။

ထို့ပြင် တပ်ရင်း၊ တပ်ဖွဲ့၊ ရဲစခန်းများတွင်လည်း အင်အားနည်းသော စခန်း များသည် မိမိတို့၏ စခန်းများကို PDF များက သာလွန်အင်အားဖြင့် ဝင်ရောက် တိုက်ခိုက်နိုင်ပါသဖြင့် အင်အား ၂၀ အောက်ရှိသော မိမိရဲစခန်းများ၊ မိမိတပ်ရင်းတပ်ဖွဲ့များ၏ ရှေ့ကင်းစခန်းများအားလုံးကို အင်အား ခိုင်မာစွာ ပြန်လည်စုဖွဲ့ထားရန်၊ အင်အားများပြားသော တပ်ရင်းတပ်ဖွဲ့များ ဌာန ချုပ်များတွင် လာရောက်ပေါင်းစည်း၍ စုစည်းစွာ အင်အား တည်ဆောက် ထားရန်လည်း စစ်ကောင်စီ၊ ကာကွယ်ရေးဝန်ကြီးဌာနအတွင်း နှုန်မိန့် ညွှန်ကြားချက်များရှိနေကြောင်း သိရှိရသည်။

“အချက်အချာကျတဲ့ လမ်းတွေ၊ လမ်းမပေါ်တွေ မဟုတ်ရင် စစ်ဆေးရေး ဂိတ်တွေကို ပြန်ရုပ်သိမ်းဖို့၊ အင်အားနည်းတဲ့ နယ်မြေ ရဲစခန်း၊ ရဲကင်း၊ စစ်တပ် ရဲ့ အင်အား နည်းလွန်းသော ရှေ့တန်းဂိတ်တွေ၊ ကင်းပုန်းတွေ ကိုပါ ချက်ချင်း ပြန်ရုပ်သိမ်းဖို့ နှုတ်မိန့် ညွှန်ကြားချက်တွေ ရထားပါတယ်” ဟု ပဲခူးတိုင်း၊ စီမံ အုပ် ချုပ်ရေးအဖွဲ့သတင်းရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ- ကင်းစောင့်နေသော အကြမ်းဖက်စစ်သားတစ်ဦး။ (ပုံအဟောင်းဖြစ် ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article