31 C
Yangon

ပြည်သူကို ရန်သူသဖွယ် သဘောထား နေသည့် စစ်အာဏာရှင်ကို ခုခံ တိုက်ခိုက် နေသော လူမျိုး တိုင်း၊ အဖွဲ့တိုင်းနှင့် ပူးပေါင်းမည်ဟု KNU ဥက္ကဋ္ဌသစ် ပဒိုစောကွယ်ထူးဝင်း ပြောဆို

Must read

ပြည်သူကို ရန်သူသဖွယ် သဘောထား နေသည့် စစ်အာဏာရှင်ကို ခုခံ တိုက်ခိုက် နေသော လူမျိုး တိုင်း၊ အဖွဲ့တိုင်းနှင့် ပူးပေါင်းမည်ဟု KNU ဥက္ကဋ္ဌသစ် ပဒိုစောကွယ်ထူးဝင်း ပြောဆို

ရန်ကုန်၊ ဇူလိုင် ၅

မြန်မာနိုင်ငံတွင် စစ်တပ်က ပြည်သူကို ရန်သူသဖွယ် သဘောထားနေပြီး အကြမ်းဖက် စစ် အာဏာရှင်ကို ခုခံတိုက်ခိုက် နေသည့် လူမျိုးတိုင်း၊ အဖွဲ့အစည်းတိုင်းနှင့် ပူးပေါင်းမည်ဖြစ်ကြောင်း KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောဆိုလိုက်ကြောင်း သိရသည်။

ယနေ့ ဇူလိုင်လ ၅ ရက်နေ့တွင် ကျရောက်သည့် ၇၄ နှစ်မြောက် ကရင့်အမျိုးသား လွတ်မြောက်ရေး (ကော်သူးလေ) တပ်မတော်နေ့ သို့ ကေအဲန်ယူ-ကရင့်အမျိုးသားအစည်းအရုံး ဥက္ကဌ ပဒိုစောကွယ် ထူးဝင်းက ပေးပို့သော သဝဏ်လွှာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။

အကြမ်းဖက် စစ်အုပ်စုသည် ပြည်သူ လူထုကို ရန်သူသဖွယ် သဘောထားပြီး ရပ်ရွာများကို အမြောက် ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ရပ်ရွာများ၊ ဆေးရုံ ဆေးခန်းများ၊ ဘုန်းကြီးကျောင်းများနှင့် ခရစ်ယာန်ဘုရားကျောင်း များအား လေယဉ်ဖြင့် ဗုံးကျဲခြင်း၊ ကလေးသူငယ်များ စာသင်ကြား နေချိန်တွင် စာသင်ကျောင်းပေါ်သို့ လေယာဉ်ဖြင့် ဗုံးကျဲခြင်းလက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ် ခြင်းများ အပြင် စာသင်ကျောင်းများပေါ်သို့ လက်နက်ကြီးများဖြင့် အဝေးမှ လှမ်း၌ ပစ်ခတ်ခြင်းများကို လုပ်ဆောင်လေ့ ရှိကြောင်း ၎င်းက ပြောသည်။

ထို့ကြောင့် ကရင့်အမျိုးသား လက်နက်ကိုင် ခုခံတော်လှန်ရေးသမားများ အနေဖြင့် ကရင် အမျိုး သားများနှင့် ပြည်သူလူထုကြီး၏ ရန်သူများကို ခုခံတော်လှန် ကြရမည် ဖြစ်ကြောင်း၊ စစ်အာဏာ ရှင်နှင့် အာဏာရှင်များကို ခုခံတော်လှန်နေကြသည့် လူမျိုးတိုင်း၊ အဖွဲ့အစည်းတိုင်းနှင့် လက်တွဲ လုပ်ဆောင်ရမည်ဖြစ်​ကြောင်း၊ မိမိတို့ ကရင့်အမျိုးသားများနှင့်အတူ ကရင့်အမျိုးသားများ၏ နိုင်ငံရေး ရည်ရွယ်ချက်များ ပြီးပြည့်စုံ စေရန် နိုင်ငံရေးသတိ အစဉ်ရှိရန် လိုအပ်ကြောင်း သတိပေး ပြောဆိုသည်။

ကရင့် အမျိုးသား ခေါင်းဆောင်များ၊ ကရင့်အမျိုးသားတပ်မတော် တပ်ဗိုလ်တပ်မှူးများ နှင့် မျိုးချစ် စစ်သည်တော် အားလုံး အတွက် ဆုမွန်ကောင်း တောင်းအပ်ကြောင်း၊ ထို့ပြင် စစ်အာဏာ ရှင် စနစ်နှင့် အာဏာရှင်စနစ်များကို တော်လှန်နေကြသည့် အစုအဖွဲ့အားလုံး အတွက်လည်း ဆုမွန် ကောင်းတောင်းအပ်ကြောင်း၊ မျိုးချစ်တော်လှန်ရေးသမား များ၊ အထူးသဖြင့် ကရင့်အမျိုးသား လွတ်မြှောက်ရေး တပ်မတော် မှ အရာရှိ စစ်သည်တော်များ၊ တပ်ဗိုလ် တပ်မှူး များနှင့် မျိုးချစ် စစ်သည်တော်အားလုံး ဘေးရန်အပေါင်းမှ ကင်းဝေးပြီး ရန်သူခပ်သိမ်းကို အနိုင်ယူ နိုင်ပြီး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ် ကြောင်း KNU-ကရင့် အမျိုးသား အစည်းအရုံး ဥက္ကဌသစ် ပဒိုစောကွယ်ထူးဝင်းက သဝဏ်လွှာတွင် ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article