25 C
Yangon

အင်းစိန်ထောင်တွင် နိုင်ငံရေးအကျဉ်းသားတချို့က ဆဲဗင်းဇူလိုင် ၆၁ နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနား ပြုလုပ်

Must read

အင်းစိန်ထောင်တွင် နိုင်ငံရေးအကျဉ်းသားတချို့က ဆဲဗင်းဇူလိုင် ၆၁ နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနား ပြုလုပ်

ရန်ကုန်၊ ဇူလိုင် ၇

အင်းစိန်ထောင်တွင် ကျောင်းသားများ၏ ဖက်ဆစ်စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုနှင့် ကျောင်းသားသမဂ္ဂ အဆောက်အအုံဖြိုချဖျက်ဆီးခံရခြင်း ၆၁ နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားကို ယနေ့ ဇူလိုင်လ ၇ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း ၂၀၂၁ နွေဦးတော်လှန်ရေးမှ ဖိနှိပ်ခံနိုင်ငံရေးအကျဉ်းသား အင်အားစုက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

အဆိုပါ အခမ်းအနားတွင် ဒီမိုကရေစီခရီးလမ်းတွင် အသက်သွေးချွေးစတေးခဲ့ကြသည့် ကျောင်းသား၊ ပြည်သူ၊ရဲဘော်များကို ဂုဏ်ပြုသည့်အနေနှင့် ၁မိနစ် ငြိမ်သက်အလေးပြုခြင်း၊ 7th July ဖြစ်ပေါ်လာပုံနှင့် သမိုင်းကြောင်းကို ရှင်း လင်းပြောကြား၍ ပြန်လည်သုံးသပ်ခြင်း၊ ကျောင်သားသမဂ္ဂအဆောက်အအုံနှင့် ရုံးခန်းများကို နဂိုမူလနေရာတွင် ပြန်လည်တည်ဆောက်ထားနိုင်ရေး ပြောကြားဆွေးနွေးခြင်းတို့ ပြုလုပ်ခဲ့ကြကြောင်း ၂၀၂၁ နွေဦးတော်လှန်ရေးမှ ဖိနှိပ်ခံနိုင်ငံရေးအကျဉ်းသား အင်အားစုက ပြောကြားသည်။

ထို့ပြင် နွေဦးတော်လှန်ရေး လက်ရှိအခြေအနေနှင့် ဦးဆောင်မှုအခန်းကဏ္ဍအပေါ် ဝေဖန်သုံးသပ်ဆင်ခြင်းခြင်း၊ ဗမာလူမျိုးကြီးဝါဒ ပပျောက်ရေးနှင့် တိုင်းရင်းသားလူမျိုးအားလုံး၏ နိုင်ငံရေးအခန်းကဏ္ဍအပေါ် ဆွေးနွေးတိုင်ပင်ခြင်း စသည်များကို ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article