30 C
Yangon

အကြမ်းဖက်မင်းအောင်လှိုင်နှင့် တွေ့ဆုံရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီး နေပြည် တော်သို့ နေ့ချင်းပြန်လာရောက်၊ အာဆီယံနိုင်ငံခြားရေး အစည်းအဝေး မတိုင်မီ လာရောက်ခြင်းဖြစ်ပြီး နောက်ဆုံးခရီးစဉ်လည်းဖြစ်ဟုဆို

Must read

အကြမ်းဖက်မင်းအောင်လှိုင်နှင့် တွေ့ဆုံရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီး နေပြည် တော်သို့ နေ့ချင်းပြန်လာရောက်၊ အာဆီယံနိုင်ငံခြားရေး အစည်းအဝေး မတိုင်မီ လာရောက်ခြင်းဖြစ်ပြီး နောက်ဆုံးခရီးစဉ်လည်းဖြစ်ဟုဆို

ရန်ကုန်၊ ဇူလိုင် ၉

အကြမ်းဖက်မင်းအောင်လှိုင်နှင့် တွေ့ဆုံရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီး လည်းဖြစ်၊ ဒုဝန်ကြီးချုပ်လည်းဖြစ်သူ Don Pramudwinai သည် နေပြည် တော်သို့ နေ့ချင်းပြန်လာရောက်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီကို အကာအကွယ်ပေးရန် ထိတွေ့ဆက်ဆံရန် ကြိုးပမ်းနေသည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai ၏ ယခု ခရီးစဉ်သည် အကြမ်းဖက် မင်းအောင်လှိုင်ကို နောက်ဆုံး လာရောက်တွေ့ဆုံသည့် ခရီးစဉ်ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေး မတိုင်မီ လာရောက်ခြင်းလည်းဖြစ်သည်။

“ထိုင်းနိုင်ငံမှာက ဇူလိုင်လ ၁၃ ရက်နေ့ ဝန်ကြီးချုပ်ရွေးပွဲနဲ့ အစိုးရသစ်က သိပ်မကြာခင် အသက်ဝင်လာဖို့ရှိနေတော့ ဒီနေ့ခရီးစဉ်က နောက်ဆုံးခရီးစဉ်လို့ပြောလို့ရမယ်။ အစိုးရသစ်တက်ဖို့ရှိတော့ နိုင်ငံခြားရေးဝန်ကြီးကလည်း အသစ်ဖြစ်လာမှာဖြစ်ပါတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး လည်းဖြစ်၊ ဒုဝန်ကြီးချုပ်လည်းဖြစ်သူ Don Pramudwinai သည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ခေါ်၍ မြန်မာ့အရေး ဆွေးနွေးပွဲကို လုပ်ဆောင်ခဲ့သဖြင့် နိုင်ငံတကာ၏ အပြင်းအထန် ဝေဖန်မှုကို ခံနေရသူလည်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article