36 C
Yangon

တန့်ဆည်တွင် စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

တန့်ဆည်တွင် စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၁၅

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ နားဋောင်းကျကျေးရွာမှ ထွက်လာသော အကြမ်းဖက်စစ်တပ်၊ ပျူစော ထီးစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၈ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်း ရွှေ ဘို ခရိုင်တပ်ရင်း ၈ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

ဇူလိုင်လ ၁၃ ရက် နံနက် ၇ နာရီ ၁၀ မိနစ်က အင်အား ၁၃၀ ခန့်ဖြင့် နားဋောင်းကျ(ပျူစော ထီး) ရွာ မှ ထွက် ခွာလာသော ခမရ ၃၆၁ တပ်သားများနှင့် ပျူစောထီးများကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက နယ်မြေ အသားစီးနှင့် လက်ဦးမှုရယူပြီး မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲသည် မိနစ် ၃၀ ခန့်ကြာ မြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးသေဆုံးကာ ၈ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ ကြောင်း၊ ဒဏ်ရာရရှိသူများတွင် ၃ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုခရိုင် တပ်ရင်း ၈ ၊ တပ်ရင်း ၇ နှင့် ဒေသကာကွယ်ရေး ပလဖများ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရွှေဘိုခရိုင် တပ်ရင်း ၈ မှ ရဲဘော် တစ်ဦး လက်နက်ကြီးထိမှန် မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ခိုက်ခံရမှုကြောင့် အထိနာသော အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားရာနေရာအနီးရှိ တဲ တစ် လုံး ကို မီးရှို့ဖျက်ဆီးသွာကြောင်း၊း ပြည်သူတစ်ဦးကို ဖမ်းဆီးပြီး နွား ၂ ကောင်ကိုလည်း အတင်းအဓမ္မယူဆောင် သွားကြောင်း သိရသည်။

အကြမ်းဖက် စစ်သား၊ ပျူစောထီးများကို ယခုထက်ပိုမိုထိရောက်စွာ သုတ်သင်နှိမ်နင်းနိုင်ရန် လက်နက် ခဲယမ်းများ လိုအပ်လျက်ရှိကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီပေးကြစေလို ကြောင်း ရွှေဘိုခရိုင် အမှတ် ၈ တပ်ရင်းက မေတ္တာရပ်ခံထားသည်။

တိုက်ခိုက်မှုတွင် ‌‌ရွှေဘိုခရိုင် တပ်ရင်း ၇၊ တပ်ရင်း ၈၊ တပ်ရင်း ၂၆ (Taze Tiger) ၊ Guerrilla Warfare K.P.K ၊ TSR ၊ PLA ၊ တန့်ဆည်ပကဖနှင့် ပလဖတို့လည်း ပါဝင် ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရှိရသည်။

ဓာတ်ပုံ- တန့်ဆည် PDF တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article