23.6 C
Yangon

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ၄ ရက်ကြာတိုက်ပွဲဖြစ်ပွားပြီး ခမရ ၅၅၈ တပ်ရင်းမှူး အပါအဝင် စစ်သား ၅၀ ခန့် သေဆုံး

Must read

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ၄ ရက်ကြာတိုက်ပွဲဖြစ်ပွားပြီး ခမရ ၅၅၈ တပ်ရင်းမှူး အပါအဝင် စစ်သား ၅၀ ခန့် သေဆုံး

ရန်ကုန်၊ ဇူလိုင် ၁၈

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကွီလုံတိုင်ရှေ့တန်းကင်းစခန်းမှ ပြန်လာသော အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို ၄ ရက်ကြာ ဖြတ်တိုက်ခဲ့ရာ အရာရှိအပါအဝင် အကြမ်းဖက်စစ်သား ၅၀ ခန့်သေ ဆုံးခဲ့ကြောင်း KNLA တပ်မှ အရာရှိတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇူလိုင်လ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီ ကွိလုံတိုင်ရှေ့တန်းစခန်းမှ ပြန်လာ သည့် အင်အား ၁၁၅ ဦးပါ အကြမ်းဖက်စစ်တပ် ခမရ ၄၃၂ နှင့် ခမရ ၅၅၈ ပူးပေါင်းစစ်ကြောင်းကို ကြာ အင်းဆိပ်ကြီးမြို့ နယ်၊ နှမ်းဖတ်ချောင်း၊ ယာသောထ၊ ဝင်းထလုံကျေးရွာအနီးတို့တွင် ကြားဖြတ် တိုက် ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်တပ် ခမရ ၅၅၈ တပ်ရင်းမှူးအပါအဝင် ၅၀ ခန့်သေဆုံးကာ ၁၂ ဦးခန့် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“လက်နက်တွေတော့မရခဲ့ဘူး၊ မိုးတွေတအားကြီးတော့ တိုက်ပွဲကအကြာကြီးမဖြစ်ခဲ့ဖူး၊ ခဏဖြစ်လိုက်၊ သူတို့လဲ ပြန်ပြောက်လိုက်အဲလိုဖြစ်တာ၊ ရွာတစ်ရွာမှာတော့ ကမန်းကတမ်းမြှုပ်သွားတဲ့ အလောင်း ၃ လောင်းတော့ ရွာသားတွေက တွေ့တယ်၊ ကျန်တာတော့ မတွေ့ရဘူး၊ ဟိုကထွက်လာတဲ့အရေအတွက် သိတယ်၊ ပြန်ဝင်သွားတဲ့အရေအတွက်သိတယ်၊အဲဒီမှာ ခန့်မှန်းကြည့်ရတာ၊ ခမရ ၅၅၈ ကတပ်ရင်းမှူးက တော့သူတော့ထိသွားတယ်၊ ကျိုက်ထိုဆေးရုံကိုပို့တယ်၊ ညကသတင်းရတာတော့ ကျသွားတယ်လို့ သတင်းရတယ်၊ ဒါပေမယ့် သိပ်တော့ မခိုင်လုံတော့ မတင်လိုက်တာ” ဟု KNLA တပ်မှ အရာရှိတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို KNLA ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နင်းမိပေါက်ကွဲမှုကြောင့် ရဲဘော် တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားများ ပိတ်မိနေချိန် လေယာဉ်ဖြင့် လာရောက် ပစ်ခတ် တိုက်ခိုက်ကာ စစ်ကူပေးခဲ့ပြီး ကွီလုံတိုင်စခန်းမှ အင်အား ၁၁၅ ဦးထွက်လာခဲ့သော်လည်း ကြာအင်း ဆိပ်ကြီးသို့ ရောက်ရှိချိန် အင်အား ၆၀ ခန့်သာကျန်ရှိတော့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article