28 C
Yangon

ထားဝယ်မြို့ရှိ ဝန်ကြီးများအိမ်ရာ၊ နယ်စပ်ရေးရာဌာနရုံးနှင့် စစ်တပ် ကင်းပုန်းတို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

ထားဝယ်မြို့ရှိ ဝန်ကြီးများအိမ်ရာ၊ နယ်စပ်ရေးရာဌာနရုံးနှင့် စစ်တပ် ကင်းပုန်းတို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ ဇူလိုင် ၁၈

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ရှိ ဝန်ကြီးများအိမ်ရာ၊ နယ်စပ်ရေးရာဌာနရုံးနှင့် စစ်တပ် ကင်းပုန်းတို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း လောင်းလုံးမြို့နယ် LLPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၆ ရက်နေ့ ည ၁၁ နာရီခန့်တွင် ထားဝယ်မြို့ရှိ တိုင်းဒေသကြီး လွှတ်တော် ဝန်ကြီးများအိမ်ရာ၊ နယ်စပ်ရေးရာဌာနရုံးနှင့် ထားဝယ်-လောင်းလုံးကို ဆက်သွယ်ထားသည့် ကမြောကင်းတံတားအနီး ကင်းပုန်းချထားသော စစ်သားများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ထိခိုက်သေဆုံးမှု ရှိမရှိတော့ မသိရသေးဘူး။ လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ပြီး ပြန်လည် ဆုတ်ခွာခဲ့တယ်” ဟု လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် အထူးပြောက်ကျားတပ်ဖွဲ့တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Photo – လောင်းလုံးမြို့နယ် LLPDF တပ်ဖွဲ့ဝင်မျာ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article