28 C
Yangon

ရွှေဘိုမြို့နယ်၊ တကန်သာရွာကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် စစ်ကြောင်းက ကျေးရွာကို ဝင်ရောက် မီးတင်ရှို့နေ

Must read

ရွှေဘိုမြို့နယ်၊ တကန်သာရွာကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် စစ်ကြောင်းက ကျေးရွာကို ဝင်ရောက် မီးတင်ရှို့နေ

ရန်ကုန်၊ ဇူလိုင် ၁၈

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တကန်သာကျေးရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ပြီး​နောက် မြေပြင် စစ်ကြောင်းမှလည်း ကျေးရွာအတွင်းဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသနေပြည် သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇူလိုင်လ ၁၇ ရက် နေ့လည် ၁၁ နာရီခန့်က အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ် များဖြင့် တကန်သာကျေးရွာအပါအဝင်အနီးနားရှိကျေးရွာများကို ဗုံးကျဲတိုက်ခိုက်ပြီးနောက် ဟန်လင်း မြို့ ဟောင်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်ကာ နေ အိမ် များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ ရဟတ်ယာဉ်ဖြင့် လိုက်လံ ပစ်ခတ်ခြင်းတို့ကြောင့် ကျေးရွာနေပြည်သူလူထု အမြောက်အများ အသက်လု ထွက်ပြေးနေကြရ ကြောင်း သိရသည်။

“ရွာကတော့ ကုန်ပြီ၊ ဟန်လင်းကတပ်တွေလည်း ရွာထဲရောက်ပြီး မီးရှို့နေတယ်၊တိုက်လေယာဉ် ၃ လေး စီး နဲ့ကို မီးလောင်ဗုံးကျဲချတာ၊ ရွာထဲမှာ လူမတွေတော့ တောထဲကို လေယာဉ်နဲ့လိုက်ရှာပြီး တော့ လူ အုပ်မြင်တာနဲ့ကို လိုက်ပစ်တာ၊ သက်ကြီးရွယ်အိုတွေရော၊ ဗိုက်ကြီးသည်တွေရော ကလေးတွေ ရော၊ ကသောင်းကနင်းနဲ့ကို ဖြစ်နေကြတာ၊ သက်ကြီးရွယ်အိုတွေဆို ချွေးတွေပျံပြီး အသံတွေပါမထွက် တော့ ဘူး၊အခု စစ်ကြောင်းက ရွာထဲရောက်နေပြီ၊ အိမ်တွေလဲ မီးလောင်ကုန်ပြီ၊ ဘယ်သူမှ ဝင်လို့မရတော့ဘူး၊ လူ့အသက်မသေဖို့ပဲ ဆုတောင်းနေရတယ်၊” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောကြားသည်။

တကန်သာကျေးရွာသည် ရွှေဘိုမြို့နယ်နှင့် ဝက်လက်မြို့နယ်အစပ်၌ တည်ရှိပြီး ဟန်လင်းမြို့ဟောင်း နှင့်နီးသည့် ကျေးရွာတစ်ရွာဖြစ်ကြောင်း၊ ဟန်လင်းမြို့ဟောင်းအနီး တိုက်ပွဲဖြစ်နေသည်မှာ ၂ ရက်ခန့် ကြာမြင့်ခဲ့ပြီးနောက် အကြမ်းဖက်စစ်ကောင်စီလေတပ်မှ တိုက်ပွဲနှင့် သက်ဆိုင်ခြင်းမရှိသည့် အနီးအနား ကျေးရွာများအပေါ် ဗုံးကျဲတိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်က အပြစ်မဲ့ပြည်သူလူထုနေထိုင်ရာ ကျေးရွာများကို ပစ်မှတ်ထားကာ တိုက်ခိုက် နေမှုကြောင့် နေအိမ်အများအပြား မီးလောင်ပြာခဲ့ပြီး ကျေးရွာနေပြည်သူများမှာ တကွဲတပြားစီ ထွက် ပြေး နေရသဖြင့် ထိခိုက်၊ ပျောက်ဆုံးနေသူများ အခြေအနေကို မသိရသေးကြောင်း၊ ကျေးရွာနေပြည်သူ ထောင်ချီမှာ တောတောင် ထဲတွင် ပုန်းခိုနေကြရပြီး အရေးပေါ်စားနပ်ရိက္ခာများလိုအပ်နေကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article