28 C
Yangon

ပုလောမြို့နယ်ရှိ အုပ်ချုပ်ရေးမှူး ၁ ဦးကို PDF တပ်ဖွဲ့က ဖမ်းဆီးပြီး နေအိမ် ၁ လုံးကို မီးရှို့ရှင်းလင်း

Must read

ပုလောမြို့နယ်ရှိ အုပ်ချုပ်ရေးမှူး ၁ ဦးကို PDF တပ်ဖွဲ့က ဖမ်းဆီးပြီး နေအိမ် ၁ လုံးကို မီးရှို့ရှင်းလင်း

ရန်ကုန်၊ ဇူလိုင် ၂၁

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး နေအိမ်များကို ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ရာ ၁ ဦးကို အရှင်ဖမ်းမိပြီး ကျန်တစ်ဦး၏ နေအိမ်ကို မီးရှို့ရှင်းလင်းခဲ့ကြောင်း မြိတ်ခရိုင်၊ အမှတ် ၁ တပ်ရင်း (Palaw People’s Defence Force) ထံမှ သိရသည်။

ဇူလိုင်လ ၁၃ ရက် နေ့က စစ်ကောင်စီအတွက် သတင်းထောက်လှမ်းခြင်း၊ ပြည်သူများကို ဖိနှိပ် ချုပ်ခြယ် မှုများ ပြုလုပ်နေသော စစ်ကောင်စီခန့် ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာ အုပ်ချုပ်ရေးမှူး အ သက် ၆၇ နှစ်ရွယ် ဦးမြတ်စိုး၊ ပြည်သူ့ကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ အမှတ် ၁ တပ်ရင်းမှ နေအိမ်တွင် ဖမ်းဆီးကာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ အပ်နှံ၍ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ထားကြောင်း သိရ သည်။

အလားတူ ဇူလိုင်လ ၁၅ ရက်နေ့က ပုလောမြို့၊ အမှတ်၂ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး၊ ဦးသိန်းဝင်း၏ နေ အိမ်အား ဝင်ရောက်စီးနင်းခဲ့ရာဦးသိန်းဝင်းမှာ တစ်နိုင်တစ်ပိုင် လုပ်ကိုင်စားသောက်နေသော တံငါလှေငယ်များထံမှ ခေါင်းပုံဖြတ် ဆက်ကြေးကောက်နေချိန် ဖြစ်သဖြင့် နေအိမ်တွင် တွေ့ရှိရခြင်း မရှိပဲ နေအိမ် သို့ လာရောက်ဝိုင်းဝန်းသော အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် အပြန်အလှန်ပစ်ခတ် တိုက်ပွဲဖြစ်ခဲ့ သည်ဟု ဆိုသည်။

ထိုသို့ တိုက်ပွဲဖြစ်နေချိန်တွင် လက်နက်ကိုင်ကာ နေအိမ် သို့ပြန်လည်ရောက်ရှိလာသော ဦးသိန်းဝင်းမှာ ထိမှန်ဒဏ်ရာရရှိခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သားများမှ လာရောက်တိုက်ခိုက်သဖြင့် အုပ်ချုပ်ရေး မှူး ၏ နေအိမ်ကို မီးရှို့ဖျက်ဆီးကာ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။

ပုလောမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် အကြမ်းဖက်အုပ်စုနှင့် ပူး ပေါင်း ခြင်းမပြုဘဲ ပြည်သူ့လူထုထံ မျက်နှာမူ၍ အုပ်ချုပ်ရေးမှူးအဖြစ်မှ နှုတ်ထွက် ထွက်ခွာသွားကြ ရန်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက ဖမ်းဆီးအရေးယူမှု ခံရမည်ဖြစ်ကြောင်း မြိတ်ခရိုင်တပ်ရင်း ၁ ပုလော PDF တပ်ဖွဲ့မှ ပြင်းထန်စွာ သတိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article