30 C
Yangon

ပြည်ပနိုင်ငံများတွင် အပ်နှံထားသော မြန်မာနိုင်ငံ၏ နိုင်ငံခြားအရန်ငွေများကို စစ်ကောင်စီက ထုတ်ယူ သုံးစွဲခွင့် မရစေရေး ကမ္ဘာ့ဘဏ် အပါအဝင် နိုင်ငံတကာ ငွေရေးကြေးရေးအဖွဲ့များနှင့် ချိတ်ဆက် ဆောင်ရွက်နေ

Must read

ပြည်ပနိုင်ငံများတွင် အပ်နှံထားသော မြန်မာနိုင်ငံ၏ နိုင်ငံခြားအရန်ငွေများကို စစ်ကောင်စီက ထုတ်ယူ သုံးစွဲခွင့် မရစေရေး ကမ္ဘာ့ဘဏ် အပါအဝင် နိုင်ငံတကာ ငွေရေးကြေးရေးအဖွဲ့များနှင့် ချိတ်ဆက် ဆောင်ရွက်နေ

■ စစ်ကောင်စီက ထုတ်ရောင်းနေသည့် ငွေတိုက်စာချုပ်များကို ဘဏ်နှင့် လုပ်ငန်းရှင်များ မဝယ်ယူကြရန် သတိပေး

ရန်ကုန်၊ ဇူလိုင် ၂၁

ပြည်ပနိုင်ငံများရှိ ဘဏ်များတွင် အပ်နှံထားသော မြန်မာနိုင်ငံ၏ နိုင်ငံခြားအရန်ငွေများကို စစ်ကောင်စီက သုံးစွဲခွင့်မရှိစေရေး ကမ္ဘာ့ဘဏ်အပါအဝင် ငွေရေးကြေးရေးအဖွဲ့များနှင့်ပါ ချိတ်ဆက် ဆောင်ရွက်နေကြောင်း အမျိုးသားညီ ညွတ်ရေးအစိုးရ၊ ဘဏ္ဍာရေး၊စီမံကိန်းနှင့်ရင်းနှီးမြှပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောဆိုသည်။

ယမန်နေ့ နွေဦးဖွံ့ဖြိုးရေးဘဏ် မိတ်ဆက်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။

“ပြည်သူတွေရဲ့ နိုင်ငံခြားအရန်ငွေတွေက အကြမ်းဖက်စစ်တပ်က သုံးစွဲပိုင်ခွင့်မရှိပါဘူး။ ဒါပေမယ့်လည်း အကြမ်း ဖက် စစ်တပ်လက်အောက်ခံ ဗဟိုဘဏ်က လက်လှမ်းမီပြီးသုံးစွဲနေတာရှိပါတယ်။ ဒီငွေတွေက ပြည်သူလူထုပိုင်ဆိုင်တဲ့ Reserved တွေ ၊ အရင်းအမြစ်တွေ ဖြစ်တယ်ဆိုတာကို နိုင်ငံတကာနဲ့ သက်ဆိုင်ရာ ငွေရေးကြေး သက်ဆိုင်ရာနဲ့ ချိတ်ဆက်ပြီး လုပ်နေတယ်။ အသိအမှတ်ပြုတာ မပြုတာထက် ကျနော်တို့က အစိုးရတစ်ရပ်အနေနဲ့ ဆောင်ရွက်ရမယ့် ကိစ္စ ဖြစ်တယ်” ဟု ဘဏ္ဍာရေး၊စီမံကိန်းနှင့်ရင်းနှီးမြှပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောဆိုသည်။

လက်ရှိတွင် အမေရိကန်က ထိန်းချုပ်ထားသော အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ ရရှိရေး ညှိနှိုင်းဆောင်ရွက်နေသော်လည်း လက်ရှိအချိန်အထိ မရရှိသေးကြောင်း၊ တော်လှန်ရေးတွင် ပြတ်ပြတ်သားသားနိုင်လာမည်ဟု သေချာလျှင် ရရှိနိုင်ကြောင်း ပြောဆိုသည်။

“အမေရိကန်မှာ ရှိနေတဲ့ ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံက မရသေးပါဘူး။ သို့သော်လည်းပဲ ဘယ်အချိန်ရနိုင်မလဲဆိုတာကိုလည်း မျက်ခြေမပြတ်ပါဘူး။ သက်ဆိုင်ရာ အမေရိကန်နိုင်ငံနဲ့လည်း တောက်လျှောက် Engagement နဲ့လုပ်ပြီး တောင်းဆိုသင့် တောင်းဆိုထိုက်တာတွေ တရားဝင် နည်းလမ်းကနေ ဆောင်ရွက်လျက်ရှိတယ်။ သို့သော် အဲဒီကိစ္စရပ်တွေက ဘယ်အချိန်မှာပဲ အလားအလာ ပိုကောင်းလာမလဲဆိုရင် ဒီတော်လှန်ရေးမှာ တော်လှန်ရေးအင်အားစုက နိုင်နိုင်ခြေ၊ ကျနော်တို့ ပြတ်ပြတ်သားသားနိုင်လာပြီဆိုတဲ့အချိန်ကျလို့ရှိရင် ပြည်သူတွေအတွက် ပြန်လည် စီးဝင်လာဖို့ရှိပါတယ်။ လတ်တလောမှာတော့ အဲဒီအခြေအနေ မရောက်သေးဘူးလို့ ကျနော့်အနေနဲ့ ရိုးရိုးသားသား ပြောရမှာဖြစ်ပါတယ်။ သို့‌သော် အဲဒီလိုမျိုး အခြေအနေ ပေးလာတဲ့အခါမှာ ကျနော်တို့အနေနဲ့က တစ်ဖက်ကနေ ပေးချင်သည့်တိုင်အောင် ကျနော်တို့ဘက်က ယူစရာ လမ်းဖွင့် မထားဘူး၊ လက်ခံနိုင်လောက်တဲ့ အခင်းအကျင်းတစ်ခုကို ပြင်ဆင်မထားဘူးဆိုလို့ရှိရင်တဖက်က ပေးတော့မယ်ဆိုသည့်တိုင်အောင် ကျနော်တို့က လက်ခံယူနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ Spring Development Bank နွေဦးဖွံ့ဖြိုးရေးဘဏ်သည် နိုင်ငံတကာ ထိန်းထားတဲ့ပိုက်ဆံတွေ၊ ဒါမှမဟုတ်အခြား ကျနော်တို့ရဲ့ နိုင်ငံခြားဝင်ငွေတွေကို ပေးမယ်ပြုမယ် ပေးတော့မယ်လို့ ဆုံးဖြတ်ချက်ချတဲ့အခါ ကျနော်တို့အနေနဲ့ အဆင်သင့်ဖြစ်အောင် ရတယ် ပေးလိုက်တော့ ဒီမှာငါတို့ လက်ခံနိုင်အောင် ဒီမှာဘဏ်ရှိတယ်။ ဘဏ်ထဲကို ထည့်ပါ။ စသည်ဖြင့်အတွက် နွေဦးဖွံ့ဖြိုးရေးဘဏ်ကို ထူထောင်တာဖြစ်သလို ကြားကာလ ဗဟိုဘဏ်ဆိုတာကိုလည်း ထူထောင်ထားတာ ဖြစ်တယ်” ဟု ဘဏ္ဍာရေး၊စီမံကိန်းနှင့်ရင်းနှီးမြှပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ဆိုသည်။

ထို့ပြင် စင်ကာပူရှိဘဏ် ၃ ဘဏ်တွင် မြန်မာနိုင်ငံ​တော်ပိုင်အရန်ငွေ ဒေါ်လာ ၄ ဒဿမ ၂ ဘီလီယံရှိနေပြီး ထိုငွေများကို စစ်ကောင်စီထုတ်ယူသုံးစွဲခွင့်မရအောင် လုပ်ဆောင်နေကြောင်း ၊ စစ်ကောင်စီထုတ်ယူခွင့်မရရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဗဟိုဘဏ်နှင့် ဗဟိုဏ် အကြံ ပေး မစ္စတာ ရှောင်တာနယ်တို့ တိုင်ပင်ပြီး တရားဝင်လမ်းကြောင်းမှ ချိတ်ဆက်ပြီးဆောင်ရွက်နေကြောင်း ၎င်းက ရှင်းပြသည်။

ထို့အတူ ပြည်တွင်းတွင် စစ်ကောင်စီက ရောင်းချသည့် ငွေတိုက်စာချုပ်များကို ဝယ်ယူခြင်းမပြုကြရန်နှင့် ဝယ်ယူသည့် လုပ်ငန်းရှင်များနှင့်ဘဏ်များကိုလည်း အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ အဆိုပါ ငွေတိုက်စာချုပ်များ သည် တရားဝင်မှုမရှိကြောင်း ဘဏ္ဍာရေး၊စီမံကိန်းနှင့်ရင်းနှီးမြှပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ရှင်းလင်း ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article