37 C
Yangon

KNU တပ်မဟာ ၆ နယ်မြေတွင် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်တပ်ဘက်မှ ဗိုလ်မှူးကြီး၊ ဒု-ဗိုလ်မှူးကြီး အပါအဝင် ၄၆ ဦးသေဆုံ

Must read

KNU တပ်မဟာ ၆ နယ်မြေတွင် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်တပ်ဘက်မှ ဗိုလ်မှူးကြီး၊ ဒု-ဗိုလ်မှူးကြီး အပါအဝင် ၄၆ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၁

KNU တပ်မဟာ ၆ နယ်မြေတွင် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်တပ်ဘက်မှ ဗိုလ်မှူးကြီး၊ ဒု-ဗိုလ်မှူးကြီး အပါအဝင် ၄၆ ဦးသေဆုံးခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။

ဇွန်လ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အတွင်း KNU ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေတွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် K.N.L.A ၊ကရင်အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ K.N.D.O ၊ KNLA နှင့် KNDO တို့၏ စစ်ရေးကွပ်ကဲမှုအောက်ရှိ ပူးပေါင်း စစ်ကြောင်းများနှင့် အကြမ်းဖက် စစ်တပ်တို့ အကြား တိုက်ပွဲကြီး ၅ ကြိမ် နှင့် တိုက်ပွဲငယ် ၂၄ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်မှူးကြီး ၁ ဦး၊ ဒု-ဗိုလ်မှူးကြီး ၁ ဦး နှင့် နယ်ထိန်းရဲ အရာရှိ ၁ ဦး အပါအဝင် စုစုပေါင်း ၄၆ ဦး သေဆုံးကာ ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဘက်မှ ရဲဘော် ၁ ဦး ကျဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

KNU တပ်မဟာ ၆ နယ်မြေအတွင်း အကြမ်းဖက် စစ်တပ်က ဇွန်လ အတွင်း လေကြောင်းဖြင့် ၃ ကြိမ် လာရောက် ဗုံးကျဲ ပစ်ခတ်ခဲ့ပြီး အဆိုပါ ဗုံးကျဲပစ်ခတ်မှုကြောင့် ဘာသာရေး အဆောက်အဦးဖြစ်သော ခရစ်ယာန် ဘုရားရှိခိုးကျောင်း ၁ ကျောင်း အနည်းငယ် ပျက်စီးခဲ့ပြီး ပြည်သူနေအိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ၁၂ ကြိမ် ပစ်ခတ်ခဲ့ပြီး အသက် ၁၀ နှစ်အရွယ် ကလေး ၂ ဦး အပါအဝင် ပြည်သူ ၉ ဦး ဒဏ်ရာရခဲ့ကာ ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

စစ်ဘေးရှောင်နေရသော ပြည်သူများမှာ မိုးရာသီ ကာလ ဖြစ်သည့်အတွက် နေရာထိုင်ခင်း လုံလောက်မှုမရှိခြင်း၊ စားနပ်ရိက္ခာ လုံလောက်မှုမရှိခြင်း၊ ကျန်းမာရေးဆိုင်ရာ ဆေးဝါးများနှင့် ကုသမှုများ လုံလုံလောက်လောက်မရှိခြင်း စသည့် အခက်အခဲ ဒုက္ခများနှင့် ရင်ဆိုင်နေရကြောင်း၊ အကြမ်းဖက် စစ်တပ်က အပြစ်မဲ့ ပြည်သူနေ ကျေးရွာများသို့ လေကြောင်းဖြင့် ဗုံးကျဲပစ်ခတ်ခြင်း၊ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းများ ပြုလုပ်လျှက်ရှိပြီး အပြစ်မဲ့ ပြည်သူများအား လူသားဒိုင်းအဖြင့် ဖမ်းဆီးခြင်း၊ အများပြည်သူ သွားလာနေသော ပြည်သူပိုင် လမ်းများအား ပိတ်ပင်ခြင်း တူးဖောက် ဖျက်ဆီးခြင်း၊ စသည့် အဖျက်အမှောင့် လုပ်ရပ်များနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာများကို နေ့စဥ်နှင့်အမျှ ကျူးလွန်လျှက်ရှိကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article