30 C
Yangon

စာသင်ကျောင်းများနှင့် ဝန်ကြီးဌာနဆိုင်ရာရုံးများတွင် NUG ၊ CRPH၊ ကုလ သမဂ္ဂ၊ EU တို့ကို ရှုတ်ချသော ကဗျာတစ်ပုဒ်ကို ဆိုင်းဘုတ်ကြီးများဖြင့် ချိတ်ဆွဲ

Must read

စာသင်ကျောင်းများနှင့် ဝန်ကြီးဌာနဆိုင်ရာရုံးများတွင် NUG ၊ CRPH၊ ကုလ သမဂ္ဂ၊ EU တို့ကို ရှုတ်ချသော ကဗျာတစ်ပုဒ်ကို ဆိုင်းဘုတ်ကြီးများဖြင့် ချိတ်ဆွဲ

ရန်ကုန်၊ ဇူလိုင် ၂၅

စစ်ကောင်စီက စာသင်ကျောင်းများနှင့် ဝန်ကြီးဌာနဆိုင်ရာ ရုံးများတွင် NUG ၊ CRPH ၊ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံတကာကို ရှုတ်ချသော ကဗျာတစ်ပုဒ်ကို ဆိုင်းဘုတ်ကြီးများဖြင့် ချိတ်ဆွဲခိုင်းထား ကြောင်း သိရှိရသည်။

စစ်ကောင်စီ၏ အာဏာသိမ်းမှုကို ထောက်ခံပြီး ရှေ့လုပ်ငန်းစဉ်များကို ကြိုဆိုသော ကဗျာမှာ “မြင်အောင်ကြည့်ကြပါ” ဟု ခေါင်းစဉ်ပေးထားပြီး ဝင်းနွယ်(သစ်တော) အမည်ခံထားသည့် ဝန်ထမ်းတစ်ဦးက ရေးထားခြင်းဖြစ်ကြောင်း၊ယင်းကဗျာကို ဆိုင်းဘုတ်ကြီးများဖြင့် ကျောင်း၊ ရုံးများတွင် ချိတ်ဆွဲခိုင်းထားခြင်းဖြစ် ကြောင်း သိရှိရသည်။

“အိမ်တွင်းစက်မှု သင်တန်းကျောင်း ရုံးအဝင်အ၀မှာ အဲဒီကဗျာကြီးကို အကြီးကြီးပဲ ချိတ်ထားတာ။ ဝါဒဖြန့်ထားတာ။ ကဗျာထဲမှာ မဲလိမ်မဲခိုးတာကိုလည်း အပြစ်တင်ထားတယ်။ တပ်မတော်ဆိုတာ တိုင်းပြည် ကယ်တင်တာဆိုပြီး ရေးတယ်” ဟု ဝန်ကြီးဌာနရုံးတစ်ခုတွင် တွေ့မြင်ခဲ့ရသူ ပြည်သူတစ်ဦးက ဆိုသည်။

နေပြည်တော်ဝန်ကြီးဌာနရုံးတစ်ခုမှ ဝန်ထမ်းသတင်းရင်းမြစ်တချို့ကလည်း NUG ၊ CRPH ၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာကို ရှုတ်ချသော ကဗျာကို ရုံးတိုင်းတွင် ဆိုင်းဘုတ်ကြီးဖြင့် ရေးသား ချိတ်ဆွဲခိုင်းနေသည်မှာ ဟုတ်မှန် ကြောင်း ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article