28 C
Yangon

လောင်းလုံးမြို့နယ်တွင် လက်နက်ကိုင်ဆောင်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေသူ ၃ ဦးကို PDF တပ်ဖွဲ့က ဖမ်းဆီး

Must read

လောင်းလုံးမြို့နယ်တွင် လက်နက်ကိုင်ဆောင်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေသူ ၃ ဦးကို PDF တပ်ဖွဲ့က ဖမ်းဆီး

ရန်ကုန်၊ ဇူလိုင် ၂၅

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် လက်နက်ကိုင်ဆောင်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေသူ ၃ ဦးကို လောင်းလုံး LLPDF တပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၁ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်တွင် လောင်းလုံးမြို့နယ်ရှိ ကထိန်ကြီးရွာနှင့် ဂေါ့အင်းကျေးရွာမှ လက်နက်ကိုင်ဆောင်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေသူ ၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

အဆိုပါ ဖမ်းဆီးထားသူများထဲတွင် မှုခင်း သတင်းထောက်လည်း ပါဝင်ပြီး ၎င်းတို့ထံမှ ပစ္စတို လေသေနတ် ၁ လက် ၊ ပွိုင့် ၂၂ သေနတ်အရှည် ၁ လက်၊ ဓားရှည် ၃ ချောင်း၊ ဓားမြှောင် ၄ ချောင်း ၊ ၃ ဆင့်လက်ရိုက်တုတ် ၁ ၊ WY ဆေးပြား ၃၇၅ ပြား ၊ ပိုက်ဆံ- ၂၈၇၂၀၀ ကျပ် နှင့် မူယစ်ဆေးဝါးသုံးစွဲသည့် ဆက်စပ်ပစ္စည်းများကို ပူးတွဲဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

“သူတို့တွေက ပျူစောထီးတွေတော့ မဟုတ်ဘူး။ မူးယစ်ဆေး ရောင်းဝယ်နေကြသူတွေပါ။ မူးယစ်အဖွဲ့တွေ ဆိုပေမယ့် လက်နက်တွေ ရှိကြတယ်။ ကြိမ်ဒဏ် ၇ ချက်စီပေးပြီး ဝန်ခံ ကတိရေး ထိုးခိုင်းခဲ့တယ်” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

သိမ်းဆည်းရမိသော ကျပ်ငွေ ၂၈၇,၂၀၀ ကျပ်ကို လောင်းလုံးမြို့နယ် စစ်ဘေးရှောင် ကူညီကယ်ဆေးရေးအတွက် လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း၊ လောင်းလုံးမြို့နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုများ လုံးဝမပြုလုပ်ရန် ထုတ်ပြန်ထားပြီး ဆက်လက် လုပ်ဆောင်လျှင် ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက​ ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article