39 C
Yangon

KNU ဝင်းရေးမြို့နယ်တွင် ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၁ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၂ ဦးကျဆုံး

Must read

KNU ဝင်းရေးမြို့နယ်တွင် ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၁ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၂ ဦးကျဆုံး

ရန်ကုန်၊ ဇူလိုင် ၂၅

KNU ဝင်းရေးမြို့နယ်၊ တပ်မဟာ ၆ နယ်မြေတွင် ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၁ ဦးသေဆုံးခဲ့ကြောင်း ကေအဲန်ယူ – ဒူးပလာယာ ခရိုင် သတင်းနှင့်ပြန်ကြားရေးထံမှ သိရသည်။

ဇူလိုင်လ ၂၂ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် KNLA – တပ်ရင်း ၂၇ တပ်ခွဲ ၄ တပ်ရင်း ရုံးအဖွဲ့ နှင့် အကြမ်း စစ်တပ်တို့ ဝင်းရေးမြို့နယ်၊ ဝဲဝန်းကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ် ဘက်မှ ၁ ဦး သေဆုံးကာ ၁ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ် ခန့်တွင် KNLA – တပ်ရင်း ၂၇ တပ်ခွဲ ၄ တပ်ရင်း ရုံးအဖွဲ့ နှင့် အကြမ်း စစ်တပ်တို့ ဝင်းရေးမြို့နယ်၊ ဝဲဝန်းကျေးရွာ အနီးတွင် ထပ်မံ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၄ ဦး သေဆုံးကာ တပ်ခွဲမှူး ဝင်းမင်းခိုင် ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်ပွဲတွင် တော်လှန်ရေး ရဲဘော် ၂ ဦးကျဆုံးခဲ့ပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိကာ လက်နက် ၂ လက် ဆုံးရှုံး ခဲ့လိုက်ရကြောင်း သိရှိရသည်။

ယင်းနေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင်လည်း သံဖြူဇရပ်မှ ရေးမြို့သို့ ပြန်လာသည့် အကြမ်းဖက် စစ်တပ်၏ စစ်ကား ၃ စီးကို KNLA – တပ်ရင်း ၂၇ နှင့် ပူးပေါင်း တပ်ဖွဲ့က ဝင်းရေးမြို့နယ်၊ ပျော်သာယာရွာ အနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်၏ ကား ၁ စီး ပျက်စီးခဲ့ပြီး ၄ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိကြောင်း၊ မွန်းလွဲ ၁ နာရီ ၄၃ မိနစ်ခန့်တွင် ပျော်သာယာရွာမှ ရေးမြို့သို့ ပြန်ဆင်းသည့် စစ်ကား ၃ စီးကို KNLA – တပ်ရင်း ၂၇ နှင့် ပူးပေါင်း တပ်ဖွဲ့များမှ ပိန္နဲတော သုသာန် အနီးတွင် ထပ်မံ ကြားဖြတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၂ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း ကေအဲန်ယူ – ဒူးပလာယာခရိုင်က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article