29 C
Yangon

ချင်းတွင်းမြစ်ကြောင်းကို ဆန်တက်လာသည့် စစ်တပ် သင်္ဘော ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု ၃ ဦးသေဆုံး

Must read

ချင်းတွင်းမြစ်ကြောင်းကို ဆန်တက်လာသည့် စစ်တပ် သင်္ဘော ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု ၃ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၅

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် အကြမ်းဖက် စစ်တပ်၏ သင်္ဘော ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ဗန္ဓုလနှင့်အဖွဲ့သားများ PDF ထံ မှ သိရသည်။

ဇူလိုင်လ ၂၃ ရက် နံနက် ၁၀ နာရီ မိနစ် ၂၀ ခန့်က ဧရာဝတီမြစ်ကြောင်းမှ တဆင့် အနောက်မြောက် တိုင်းစစ်ဌာနချုပ် (နမခ) တပ်အတွင်းသို့ လက်နက်၊ ခဲယမ်း၊ ရိက္ခာနှင့် ဆီများပေးပို့ရန် ချင်းတွင်းမြစ် ကြောင်း အတိုင်းဆန်တက်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ရှေ့ထွက်မိုင်း ၁၀ လုံးဖြင့် ဖောက် ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ဗန္ဓုလနှင့်အဖွဲ့သားများ LDF၊ မုံရွာခရိုင် တပ်ရင်း ၁၀ တပ်ခွဲ ၂ Chindwin Fighter Group (C.F.G)၊ လင်းယုန်လေးအဖွဲ့ တို့ ပူပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေး တပ် ဖွဲ့ ဝင်များအထိအခိုက်မရှိ ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article