38 C
Yangon

စစ်တွေမြို့မဈေးတွင် UNHCR မျက်နှာသုတ် ပုဝါများ ပေါပေါ လူလူ ရောင်းချနေ

Must read

စစ်တွေမြို့မဈေးတွင် UNHCR မျက်နှာသုတ် ပုဝါများ ပေါပေါ လူလူ ရောင်းချနေ

ရန်ကုန်၊ ဇူလိုင် ၂၅

ရခိုင်ပြည်နယ်၊ စစ်တွေ မြို့မဈေးတွင် ဒုက္ခသည်များအတွက် ကူညီထောက်ပံ့ပေးသည့် UNHCR မျက်နှာသုတ် ပုဝါများကို ပေါပေါ လူလူ ရောင်းချနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ကုလသမဂ္ဂအဖွဲ့ UNHCR မှ အကြောင်းအမျိုးမျိုးကြောင့် အိုးအိမ်စွန့်ခွာပြီး အခြားနေရာများတွင် ခက်ခဲစွာ ရပ်တည်နေရသည့် ဒုက္ခသည်များအတွက် တစ်ကိုယ်ရေ သန့်ရှင်းရေးပစ္စည်းများ၊ အိုးခွက် ပန်းကန်များ၊ စောင်နှင့် အဝတ်အထည်များကို ပေးခြင်းဖြစ်ပြီး စစ်တွေ မြို့မ ဈေးတွင် ရောင်းနေသည့် မျက်နှာသုတ်ပဝါများသည်လည်း တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများတွင် တစ်ခုအပါအဝင် ဖြစ်ကြောင်း UNHCR နှင့် တွဲဖက်လုပ်ကိုင်နေသည့် အရပ်ဘက် အဖွဲ့အစည်းများမှ ပြောကြားသည်။

ဒုက္ခသည်များ အသုံးပြုရန် ဖြန့်ဝေထားသည့် မျက်နှာသုတ်ပဝါများမှာ စစ်တွေမြို့မဈေးတွင် အထည်ရေ ဆယ်ချီ၊ ရာချီ ရောင်းချနေခြင်းဖြစ်ပြီး တစ်ထည်ချင်းဖြစ်စေ၊ ဆယ်ထည်ဖြစ်စေ၊ ရာချီဖြစ်စေ ဝယ်ယူ၍ ရနေကြောင်း မြို့မဈေးအတွင်းမှ စုံစမ်းသိရှိရသည်။

အဆိုပါ UNHCR တံဆိပ်ပါ မျက်နှာသုတ်ပဝါများကို တစ်ထည်လျှင် ကျပ် ၃၅၀၀ မှ ကျပ် ၅၀၀၀ အထိ ဈေးအမျိုးမျိုးရှိပြီး ရာချီ ဝယ်ယူပါက ကျပ် ၃၀၀၀ ကျပ်သင့်မည်ဖြစ်ကြောင်း၊ အဆိုပါ မျက်နှာသုတ်ပဝါများကို ရခိုင်ပြည်တွင်းအပြင် ရန်ကုန်နှင့် မန္တလေးဘက်မှ မှာယူရောင်းချခြင်းဖြစ်ကြောင်း ဈေးသည်များက ပြောကြားသည်။

ထို့ပြင် စစ်တွေမြို့အတွင်း ပျံကျဈေးနှင့် ဈေးအငယ်များတွင် UNHCR တံဆိပ်ပါ အာဟာရမုန့်များ၊ အိုးခွက်များ၊ ရေပုံများ၊ စောင်များနှင့် တာပေါ်လင်များကိုပါ ရောင်းချနေကြကြောင်း သိရှိရသည်။

ထိုသို့ UN အပါအဝင် နိုင်ငံတကာအထောက်အပံ့များ ဈေးများတွင် တွေ့ရှိရခြင်းမှာ ဒုက္ခသည်များမှ စားဝတ်နေရေးကြောင့် ပိုက်ဆံလိုသည့်အတွက် ရောင်းချခြင်းဖြစ်ကြောင်း၊ UN အပါအဝင် နိုင်ငံတကာမှ အစားအသောက်များအတွက် ထောက်ပံ့ခြင်းသည် လုံလောက်ခြင်းမရှိကြောင်း ၊ မိသားစု ဦးရေများပြားခြင်း၊ ကျန်းမာရေး၊ ပညာရေး ကိစ္စများ ရှိသည့်အတွက် မတတ်သာ၍ ရောင်းချရခြင်းဖြစ်ကြောင်း ဒုက္ခသည်များက ပြောကြားသည်။

(Western News-WNသည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article