32 C
Yangon

မြောင်မြို့နယ်၊ ကျောက်ရစ်ရွာမှ စစ်ဘေးရှောင်ပြည်သူများ ဝမ်းပျက်ဝမ်းလျောနှင့် တုပ်ကွေးရောဂါများ ဖြစ်ပွားနေပြီး ဆေးဝါး၊ ရိက္ခာနှင့် အမိုးအကာများ လိုအပ်နေ

Must read

မြောင်မြို့နယ်၊ ကျောက်ရစ်ရွာမှ စစ်ဘေးရှောင်ပြည်သူများ ဝမ်းပျက်ဝမ်းလျောနှင့် တုပ်ကွေးရောဂါများ ဖြစ်ပွားနေပြီး ဆေးဝါး၊ ရိက္ခာနှင့် အမိုးအကာများ လိုအပ်နေ

ရန်ကုန်၊ ဇူလိုင် ၂၅

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရွာမှ စစ်ဘေးရှောင်ပြည်သူများ ဝမ်းပျက်ဝမ်းလျောနှင့် တုပ်ကွေးရောဂါများ ဖြစ်ပွားနေပြီး ဆေးဝါး၊ ရိက္ခာနှင့် အမိုးအကာများ လိုအပ်နေကြောင်း စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင် ၃ ရက်နေ့က စတင်ပြီး မြောင်မြို့နယ်၊ ကျောက်ရစ်ရွာတွင် စခန်းချနေသည့် အကြမ်းဖက်စစ်တပ်ကြောင့် ကျေးရွာနေ ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရပြီး ဝမ်းပျက်ဝမ်းလျော ရောဂါအပြင် တုပ်ကွေးရောဂါများလည်း ဖြစ်ပွားနေကာ စားဝတ်နေရေး အခက်အခဲမျိုးစုံနှင့် ရင်ဆိုင် ကြုံတွေ့နေရကြောင်း သိရသည်။

“အဓိက အဓိက ကျန်းမာရေးပြသနာ ပိုမိုခံစားနေကြရတာ ကလေးသူငယ်တွေဆိုရင် ၀မ်းပျက်၀မ်းလျော ရောဂါအဖြစ်များတယ်၊ သက်ကြီးရွယ်အိုတွေဆိုရင် အာဟာချို့တဲ့ မှုတွေ ကြုံတွေ့နေကြရတယ်။ လိုအပ်ချက်ကတော့ အာဟာရဓါတ်ဖြည့်စွက်စာတွေ၊ အစားအသောက် ရိက္ခာ၊ ရေကောင်းရေသန့်၊ယင်လုံအိမ်သာ၊ အခြေခံဆေးဝါးအိတ်၊ အဆောက်အုံတွေ အပြင် အမိုးအကာ တွေလည်း လိုအပ်ပါတယ်” ဟု စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် လက်ရှိအချိန်တွင် မြောင်မြို့နယ်၌ ရေတိုး ကာလဖြစ်သည့်အတွက် စစ်ဘေးရှောင်ပြည်သူများမှာ ရေလမ်း ၊ ကုန်းလမ်း နှစ်မျိုးနဲ့ သွားလာနေကြရခြင်းဖြစ်ပြီး လိုအပ်သည့် ယာဉ်အမျိုးအစား မတူညီ၍ သွားလာ‌၍ အခက်အခက်များနှင့်ပါ ရင်ဆိုင် ကြုံတွေ့နေရခြင်းဖြစ်ကြောင်း သိရှိရသည်။

ဇူလိုင်လ ၂၄ ရက်နေ့တွင်မူ မြောင်လူငယ်ကွန်ရက်၊ CDSOM တို့မှ စစ်ရှောင်ပြည်သူများထံ သွားရောက်၍ ဆန် ၅အိတ်(၁တင်းခွဲအိတ်)၊ ဆီ ၁၀ ပိသာ၊ ကြက်ဥ ၂၇၀ လုံး တို့ကို သွားရောက်ကူညီခဲ့ကြောင်း၊ မြောင်အမျိုးသမီးစစ်သည်တော်တပ် နှင့် အမျိုးသမီးမဟာမိတ်အင်အားစုတို့ပူးပေါင်း၍ စစ်ရှောင်အမျိုးသမီးများအတွက် အမျိုးသမီးအသုံးအဆောင်များလည်း ဝေငှပေးခဲ့ကြကြောင်းသိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article