26 C
Yangon

ကျောက်တံခါးမြို့နယ်၊ နံဇရွာထိပ်တိုက်ပွဲ ဖြစ်ပွားရာ နေရာကို နယ်မြေ ရှင်းလင်းစဉ် စစ်သားအလောင်း ၇ လောင်းနှင့် သေနတ် ၆ လက်သိမ်းဆည်းရရှိ

Must read

ကျောက်တံခါးမြို့နယ်၊ နံဇရွာထိပ်တိုက်ပွဲ ဖြစ်ပွားရာ နေရာကို နယ်မြေ ရှင်းလင်းစဉ် စစ်သားအလောင်း ၇ လောင်းနှင့် သေနတ် ၆ လက်သိမ်းဆည်းရရှိ

ရန်ကု်န၊ ဇူလိုင် ၂၆

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ နံဇရွာထိပ်၌ တိုက်ပွဲနယ်မြေကို ဝင်ရောက်ရှင်းလင်းစဉ် အကြမ်းဖက် စစ်သား အလောင်း ၇ လောင်းနှင့် ပစ္စတိုသေနတ်တစ်လက်အပါအဝင် သေနတ် ၆ လက်ကို သိမ်းဆည်း ရရှိခဲ့ကြောင်း ကျောက်တံခါးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇူလိုင်လ ၂၅ ရက် ည ၉ နာရီခန့်တွင် အင်အား ၄၀ ကျော်ပါ ကားအကြီးတစ်စီး၊ ဘေးတွဲ နှစ် စီးဖြင့် ကျောက်တံခါးမြို့မှ နံဇရွာဘက်သို့ ထွက်လာသော အကြမ်းဖက်စစ်သားများကို ရှေ့ထွက်မိုင်း ဆွဲပြီး အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၅ ဦးထက်မနည်းသေဆုံး သေနတ် တစ်လက်သိမ်းဆည်းရရှိခဲ့ကြောင်း၊ ယနေ့ နံနက်ပိုင်းတွင်ထပ်မံတိုက်ပွဲဖြစ်ပြီး ကျေးရွာအတွင်းမှ တပ် ဆုတ်ပြေးစဉ် အလောင်းနှင့် လက်နက်များကို ချန်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီမနက် ၁၁ နာရီလောက်မှာ အထိနာတော့ ရွာထဲကနေ ပြန်ဆုတ်သွားတာ၊ သေနတ်တောင် ပြန်မ ကောက်နိုင်ဘူး၊ ဗိုလ်အပါအဝင် ၅ ကောင်သေတာကနေ ၂ ကောင်ထပ်တိုးသွားတာပေါ့၊ ပူးပေါင်းတပ် ဖွဲ့ တွေ့ အထိအခိုက်မရှိခဲ့ပါဘူး၊ စစ်တောင်းမြစ်အနောက်ကမ်းတိုက်ပွဲတွေအတွက် လိုအပ်နေတဲ့ ၆၀ မမ နဲ့ ၄၀ မမ တွေကို လှူဒါန်းပေးကြပါအုံးလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ကျောက်တံခါးမြို့နယ်ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ညပိုင်းက နံဇကျေးရွာထိပ်တိုက်ပွဲ၌ အကြမ်းဖက်စစ်တပ်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၅ ဦး သေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့ကြောင်း၊ အခြားထိခိုက်ဒဏ်ရာရရှိသူ အခြား အဆင့် ၇ ဦးကို ကျောက်တံခါးဆေးရုံမှ တောင်ငူဆေးရုံသို့ အတွင်းလူနာအဖြစ် လွှဲပြောင်းပို့ဆောင်ထားရပြီး သေဆုံးနိုင်ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က အသုံးပြုသော BA 94 သေနတ် တစ်လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article