32 C
Yangon

ငွေစက္ကူ အသစ် ၂သောင်းတန်ကို မသုံးစွဲကြဘဲ တခဲနက် ဆန့်ကျင်ကြဖို့ လူထုကိုတိုက်တွန်း

Must read

ငွေစက္ကူ အသစ် ၂သောင်းတန်ကို မသုံးစွဲကြဘဲ တခဲနက် ဆန့်ကျင်ကြဖို့ လူထုကိုတိုက်တွန်း

ရန်ကုန် | ဇူလိုင် ၂၆

အာဏာသိမ်းစစ်ကောင်စီက မကြာမှီထုတ်ဝေတော့မယ့် ၂သောင်းကျပ်တန် ငွေစက္ကူအသစ်ကို သုံးစွဲခြင်းမပြုဘဲ တခဲနက်ဆန့်ကျင်ကြဖို့ စစ်ကိုင်းဖိုရမ်က မနေ့က လူထုကို တိုက်တွန်းလိုက်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီက စစ်ရေး၊ စီးပွားရေး အပါအဝင် အထွေထွေအကျပ်အတည်းဆိုက်နေပြီး တရုတ်၊ရုရှားကြွေးမြီတွေလည်း နစ်နေလို့ အခုလို တန်ဖိုးမြင့်ငွေစက္ကူတွေ ရိုက်နှိပ်ဖြေရှင်းတာလို့ ဆိုပါတယ်။

အခုလို တန်ဖိုးမြင့်ငွေစက္ကူရိုက်နှိပ်ထုတ်ဝေတာဟာ စီးပွားရေးထိုးကျနေတဲ့နိုင်ငံအတွင်း ငွေကြေးဖောင်းပွတာ၊ ငွေတန်ဖိုးကျဆင်းတာအပြင် စာဝတ်နေရေးစားရိတ်ကြီးမြင့်တာ၊ ကုန်စျေးနှုန်းမငြိမ်သက်တာတွေဖြစ်ပေါ်လာပြီး ပြည်သူလူထုကြား အဆုံးစွန်ထိခိုက်နစ်နာမှုတွေ ဖြစ်လာနိုင်တယ်လို့ စစ်ကိုင်းဖိုရမ်က ဆိုပါတယ်။

နှစ်သောင်းတန်ငွေစက္ကူ လူထုကြားထဲ စိမ့်ဝင်ပြန့်နှံလာတာနဲ့အမျှ ဆိုးကျိုးပိုမိုကြီးမားလာမှာ ဖြစ်လို့ တော်လှန်ရေး

အဖွဲ့အစည်းတွေက အဆိုပါငွေစက္ကူကို လုံးဝအသုံးပြုမှာမဟုတ်ဘဲ ပြည်သူလူထုအနေနဲ့လည်း မသုံးစွဲဘဲ ဆန့်ကျင်ပေးကြဖို့ စစ်ကိုင်းဖိုရမ်က ထုတ်ပြန်ချက်ထုတ်ပြီး နှိုးဆော်တိုက်တွန်းထားတာ ဖြစ်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article