38 C
Yangon

နမ္မတီးမြို့တွင် စစ်တပ်နှင့် ပူးပေါင်းပြီး မူးယစ်ဆေး ရောင်းဝယ်နေသည့် နေအိမ်ကို တော်လှန်ရေး အဖွဲ့က ဝင်ရောက် ဖမ်းဆီး

Must read

နမ္မတီးမြို့တွင် စစ်တပ်နှင့် ပူးပေါင်းပြီး မူးယစ်ဆေး ရောင်းဝယ်နေသည့် နေအိမ်ကို တော်လှန်ရေး အဖွဲ့က ဝင်ရောက် ဖမ်းဆီး

ရန်ကုန်၊ ဇူလိုင် ၂၆

ကချင်ပြည်နယ်၊ နမ္မတီးမြို့တွင် အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်းပြီး မူးယစ်ဆေး ရောင်းဝယ်နေသည့် နေအိမ်ကို ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း မြောက်ပိုင်း ဝံပုလွေအဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ကျော်ခန့်တွင် နမ္မတီးမြို့ စျေးအနီးရှိ အကြမ်းဖက် စစ်တပ် ပူးပေါင်းပြီး မူးယစ်ဆေး ရောင်း၀ယ် ဖြန့်ချီ နေသည့် ဒေါ်ခင်တိုး နေအိမ်ကို မြောက်ပိုင်းဝံပုလွေ အဖွဲ့က ၀င်ရောက် ဖမ်း ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဒီနေ့ မွန်းလွဲ ၁ နာရီ ခွဲခန့်က နမ္မတီးမြို့ မြို့လယ် စျေးအနီးမှာရှိတဲ့ စစ်ခွေးတွေနဲ့ ပူးပေါင်းပြီး မူးယစ်ဆေး ရောင်း၀ယ် ဖြန့်ချီနေတ​ဲ့ ဒေါ်ခင်တိုး နေအိမ်ကို ၀င်ရောက် ဖမ်းဆီးခဲ့တယ်။ ဒေါ်ခင်တိုးကိုတော့ မဖမ်းခဲ့ဘူး။ ကျန်းမာရေး ဆိုးရွားနေတဲ့အတွက် ဆေးရောင်းပေးတဲ့ ကောင်တွေကိုတော့ နောက်နောင် မပြုလုပ်ဖို့ ပြောဆိုခဲ့တယ်” ဟု မြောက်ပိုင်း ဝံပုလွေအဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ နေအိမ်မှ ငွေကျပ် ပမာဏ ၇ သိန်းကျော်၊ ဓားရှည် ၁ ချောင်း၊ ဖုန်း ၂ လုံးနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ပြီး မူးယစ်ဆေးဝါးများကို ရေဖျော်ပြီး ဖျက်ဆီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article