30 C
Yangon

မြိုင်မြို့နယ်၊ အိုရင်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးဒဏ်ရာရ

Must read

မြိုင်မြို့နယ်၊ အိုရင်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးဒဏ်ရာရ

ရန်ကုန်၊ ဇူလိုင် ၂၆

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ အိုရင်းရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း နွေဦးတော်လှန်ရေး မြိုင်မြို့နယ်အဖွဲ့ထံမှ သိရသည်။

ယနေ့ ဇူလိုင်လ ၂၆ ရက်နေ့တွင် မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးရွာ စာသင်ကျောင်း၌ တပ်စွဲထားသေား အကြမ်းဖက် စစ်တပ်က အိုရင်းကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသည်။

တွင်းမပျူစောထီးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ယနေ့ နံနက် ၂ နာရီခန့်တွင် လက်နက်ကြီးများဖြင့် ပြည်သူများ နေထိုင်သည့် ကျေးရွာများဘက်ကို ရမ်းသမ်း ပစ်ခတ်ခဲ့ပြီး အိုရင်းကျေးရွာကို လက်နက်ကြီး ကျရောက်ခဲ့ပြီး အသက် ၃၀ နှစ်အရွယ် မမိလှနှင့် အသက် ၁၃ နှစ်အရွယ် မဆုဝင့်ထည်တို့ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နွေဦးတော်လှန်ရေး-မြိုင်မြို့ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article