Khit Thit သတင်းဌာန၏ ဇူလိုင် ၂၇ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇူလိုင် ၂၇ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-အကြမ်းဖက်စစ်ကောင်စီတပ်တွေမှာ လိင်ပိုင်းဆိုင်ရာ ထိပါးမှုနဲ့ အနိုင်ကျင့်နှိပ်စက်မှုတွေကြောင့် အမျိုးသမီး စစ်သည်တွေ ထွက်ပြေးနေကြရတယ်လို့ တပ်ဘက်သတင်းရင်းမြစ်တွေဆီကသိရပါတယ်။
– ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့၊ ရန်ကုန်-မန္တလေးလမ်း ဟောင်း အနီးမှာ ၁ ရက်ကြာ တိုက်ပွဲဖြစ် ပွားပြီး စစ်သား ၁၀ ဦးသေဆုံးကာ အလောင်း ၁ လောင်းနှင့် လက်နက်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ တော်၀င်ဒေါင်း စစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
– အာဏာသိမ်းစစ်ကောင်စီက မကြာမှီထုတ်ဝေတော့မယ့် ၂သောင်းကျပ်တန် ငွေစက္ကူအသစ်ကို သုံးစွဲခြင်းမပြုဘဲ တခဲနက်ဆန့်ကျင်ကြဖို့ စစ်ကိုင်းဖိုရမ်က မနေ့က လူထုကို တိုက်တွန်းလိုက်တဲ့ သတင်းအပါအဝင်နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။