ပဲခူးတိုင်း၊ ကျောက်ကြီးမြို့မှ နတ်သံကွင်းမြို့အကြား ကားလမ်းကို လုံး၀ အသုံးပြုခြင်းမပြုရန် KNDO က ညွှန်ကြား ချက် ထုတ်ပြန်
ရန်ကုန်၊ ဇူလိုင် ၂၇
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့မှ နတ်သံကွင်းမြို့အကြား ကားလမ်းကို လုံး၀ အသုံး ပြု ခြင်းမပြုရန် ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ KNDO က ညွှန်ကြား ချက် တစ်ရပ် ထုတ်ပြန်သည်။
KNLD ၏ ညွှန်ကြားချက်တွင် အချက် ၅ ချက်ပါရှိပြီး လက်ရှိတွင် အာဏာသိမ်း စစ်ကောင်စီသည် ပြည်သူ များကို ဒိုင်းကာသဘောဖြင့် အသုံးပြု စစ်ရေးလှုပ် ရှား မှုကို နည်းမျိုးစုံဖြင့် ဆောင်ရွက်နေကြောင်း ကြေညာချက်တွင် ရေးသား ထားသည်။
ဇူလိုင်လ ၂၇ ရက်နေ့ မှစတင်၍ ကျောက်ကြီးမြို့မှ နတ်သံကွင်းမြို့အကြား ကားလမ်းပေါ်သို့ သွားလာမှုများ လုံး၀ မပြုလုပ်ရန်၊ ကားလမ်းနံဘေးရှိ ကျေးရွာများတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် ကျေးရွာများအတွင်း ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်း သွားလာလှုပ်ရှားမှုများ မပြုလုပ်ရန်၊ ကျေးရွာနေပြည်သူများက အရေးပေါ် အခြေအနေများ လိုအပ်မှုအပေါ် သွားလာရန် လိုအပ်လာပါက တာဝန်ရှိခေါင်းဆောင်များကို ကြိုတင် အသိပေး အကြောင်းကြားရန် ဖော်ပြထားသည်။
နောက်ဆုံးအချက်အနေဖြင့် ညွှန်ကြားချက်များကို လိုက်နာ ဆောင်ရွက်ရန် ပျက်ကွက်ပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်ကို တာဝန်ယူမည်မဟုတ် ကြောင်း၊ ညွှန်ကြားချက်ကို ဇူလိုင်လ ၂၇ ရက်နေ့မှစတင်၍ ပြန်လည် မရုပ် မသိမ်း မ ချင်း အတည်ဖြစ်ကြောင်း KNDO အမှတ် ၃ တပ်ရင်းမှူးက လက်မှတ်ထိုး၍ ကြေညာချက် ထုတ်ပြန်ထားသည်။