Khit Thit သတင်းဌာန၏ ဇူလိုင် ၂၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇူလိုင် ၂၈ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-အမေရိကန်ပြည်ထောင်စု ၊ တက္ကဆက်ပြည်နယ်မှာ ပြုလုပ်ခဲ့တဲ့ NUG အစိုးရဝန်ကြီးတွေနဲ့ တွေ့ဆုံပွဲမှာ ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၂၅၀၀၀ ရရှိခဲ့ပြီး ၊ တော်လှန်ရေးအတွက် လိုအပ်နေတဲ့ နေရာတွေကို ပေးပို့သွားမှာဖြစ်တယ်လို့ ပွဲစီစဉ်သူတွေဆီကနေ သိရပါတယ်။
– တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စခန်းကြီး ကျေးရွာက ထားဝယ် စိုက်ပျိုးရေးသိပ္ပံကျောင်းမှာရှိတဲ့ CDM ဝင်ဖို့ သဘောတူတဲ့ ကျောင်းအုပ်ဆရာမကြီး အပါအဝင် ဆရာ ၊ ဆရာမ ၆ ဦး နဲ့ ကလေးငယ် တစ်ဦးကို လွတ်မြောက်နယ်မြေ အရောက် ပို့ဆောင်ပေးခဲ့ပြီဖြစ်တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) က သတင်းထုတ်ပြန်ထားပါတယ်။
– မွန်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေ၊ ရေးမြို့နယ်အတွင်းက စစ်ဘေး ရှောင်ပြည်သူတွေကို CDM ဆရာဝန်ကြီးတွေ ၊ ကျန်းမာရေးဝန်ထမ်းတွေကနေ ကျန်းမာရေးစောင့်ရှောက်မှု နဲ့ ဆေးဝါးကုသပေး တာတွေကို ဇူလိုင်လ ၂၇ ရက်နေ့မှာ လုပ်ဆောင်ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။