29.6 C
Yangon

ဘုတလင်မြို့နယ်ရှိ ဗကသ ရုံးခန်းကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ကျောင်းသား ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်

Must read

ဘုတလင်မြို့နယ်ရှိ ဗကသ ရုံးခန်းကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ကျောင်းသား ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်

ရန်ကုန်၊ ဇူလိုင် ၂၈

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ရှိ ဗကသ ရုံးခန်းကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ကျောင်းသား ၃ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ထံမှ သိရသည်။

ဇူလိုင်လ ၂၈ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ဘုတလင်မြို့နယ်ရှိ ဗကသ ရုံးခန်းကို ဝင်ရောက်စီးနင်းပြီး ဘုတလင်မြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌ ရဲဘော်ကျော်ဝင်းသန့်၊ ဒုဥက္ကဌ ရဲဘော်ကြယ်စင်ငြိမ်းချမ်းနှင့် သတင်းပြန်ကြားရေးမှူး ရဲဘော်သုတနေ တို့ကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ကျဆုံးသွားခဲ့သော ဗကသ ရဲဘော် ကိုကျော်ဝင်းသန့်၊ ကိုကြယ်စင်ငြိမ်းချမ်းနှင့် ကိုသုတနေ တို့ကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)မှ အစဉ်အမြဲ အောက်မေ့ သတိရနေမည်ဖြစ်ကြောင်း၊ မပြီးပြတ်သေးသည့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေး တာဝန်များ၊ အဖိနှိပ်ခံ ပြည်သူလူထု လွတ်မြောက်ရေး တာဝန်များကို အလုံးစုံကျေပွန်သည်အထိ ဗကသများအဖွဲ့ချုပ်က အဖိနှိပ်ခံ ပြည်သူလူထုနှင့်အတူ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဗကသများ အဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article