28 C
Yangon

ရေစကြိုတွင် စစ်သင်္ဘောအုပ်စုကို လုံခြုံရေးပေးရန် ထွက်လာသည့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်၊ ကျိုက်ထိုရှိ မုပ္ပလင် စစ်တပ်ဂိတ်ကို တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံး

Must read

ရေစကြိုတွင် စစ်သင်္ဘောအုပ်စုကို လုံခြုံရေးပေးရန် ထွက်လာသည့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်၊ ကျိုက်ထိုရှိ မုပ္ပလင် စစ်တပ်ဂိတ်ကို တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၈

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဂွတ်ကြီးကျေးရွာနှင့် ဇီးကုန်းကျေးရွာတွင် စစ်သင်္ဘောများ လုံခြုံရေး ယူပေးရန် ထွက်လာသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ ဦး အပြင်း အထန်ဒဏ်ရာရရှိခဲ့ကြောင်း ရေစကြို PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။

ယနေ့ ဇူလိုင်လ ၂၈ ရက်နံနက် ၁၀ နာရီခန့်က ချင်းတွင်းမြစ်ကြောင်းမှ တက်လာသော အကြမ်းဖက် စစ်တပ် သင်္ဘော ၅ စီးကို လုံခြုံရေး ယူပေးပြီး ဆင်ချောင်းကျေးရွာသို့ ပြန်လာသော အင်အား ၂၀ ခန့်ရှိ အကြမ်း ဖက်စစ်သား၊ ပျူစောထီးများကို ဂွတ်ကြီးကျေးရွာနှင့် ဇီးကုန်းကျေးရွာအရောက် ၅ လုံးတွဲမိုင်း များဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“တပ်မ ၁၀၁ က စစ်သားတွေလို့လဲ သိရတယ်၊ သူတို့က ဆင်ချောင်းပျူရွာကနေ တဆင့်သွားပြီး လုံခြုံ ရေးယူပေးတာ၊ သူတို့ပွိုင့်နေရာကို စစ်ခွေးသင်္ဘောတွေကျော်သွားတော့ ပြန်လာတဲ့အချိန် မိုင်းဆွဲ တိုက် ခိုက်ခဲ့တာ၊ စစ်ခွေး ၂ ဦးကတော့အပြင်းအထန်ဒဏ်ရတယ်လို့သိရတယ်၊ စစ်ခွေးသင်္ဘာတွေကတော့ ဒီညမှ ရှစ်အိမ်တန်းရွာဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတယ်”ဟု ရေစကြို PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။

အလားတူ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာအုပ်စုရှိ မုပ္ပလင်လမ်းဆုံဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF ထံမှ သိရသည်။

ယနေ့ ဇူလိုင်လ ၂၈ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က အဆိုပါအကြမ်းဖက်စစ်တပ်ဂိတ်အား ပြည်သူ့ကာကွယ် ရေး ပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက် စစ်သား ၈ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်က လက်နက်ငယ်များ၊ စက်လက်များ၊ ၄၀ မမ၊ ၆၀ မမ၊ ၈၁ မမ များဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်မှုကြောင့် KRF မှ ရဲဘော် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article