30 C
Yangon

ကျောက်တံခါးမြို့နယ်၊ နံဇရွာမှ ပြည်သူ ၁ ဦးကို စစ်တပ်က သတ်ဖြတ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး

Must read

ကျောက်တံခါးမြို့နယ်၊ နံဇရွာမှ ပြည်သူ ၁ ဦးကို စစ်တပ်က သတ်ဖြတ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇူလိုင် ၂၉

ပဲခူးတိုင်း၊ ကျောက်တံတားမြို့နယ်၊ နံဇရွာမှ ပြည်သူ ၁ ဦးကို စစ်တပ်က သတ်ဖြတ်ပြီး နေအိမ် များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း အမှတ်(၂) စစ်ဒေသခွဲ ဒုစစ်ဒေသခွဲမှူး ဦးတင်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၉ ရက်နေ့ ကျောက်တံခါးမြို့နယ်၊ နံဇကျေးရွာတွင် စစ်တပ်နှင့် ပြည်သူ့ကာကွယ် ရေး တပ် များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နံဇကျေးရွာအတွင်းသို့ ဝင်ရောက်ကာ အသက် ၄၅ နှစ်အရွယ် တီးပီးလူး ကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

“ဇူလိုင် ၁၉ ရက်နေ့တိုက်ပွဲမှာ စစ်တပ်က ရွာသားတစ်ဦးဖြစ်တဲ့ တီးပီးလူးကို အကြောင်းမဲ့ သတ် ဖြတ်သွားခဲ့ပါတယ်။ နံဇ တိုက်ပွဲမှာ စကစဖက်က အထိနာလို့ အခုလို ရရာလုပ်သွားတာ။ အခုကျ နော်တို့ နံဇရွာကို စီးထားနိုင်ပါတယ်။ ကျောက်တံခါးမြို့ကနေပြီး လက်နက်ကြီးနဲ့ပဲ ပစ်နေတယ်။ အခုထိ ကျနော်တို့တပ်ဖွဲ့တွေ နံဇ ကိုရှင်းလင်းရေး လုပ်နေပါတယ်”ဟု အမှတ်(၂) စစ်ဒေသခွဲ ဒုစစ်ဒေသခွဲမှူး ဦးတင်ဦးက ဆက်လက်ပြောဆိုသည်။

ထို့ပြင် ဇူလိုင်လ ၂၄ ရက်နေ့ နံဇရွာမှ နေအိမ် ၉ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဆိုင်ကယ် ၁၂ စီး၊ နွား ၆ ကောင်ကို ခိုးယူသွားကြောင်း၊ နေအိမ်များကို မီးရှို့ပြီး ပြည်သူ ၁ ဦးကို သတ်ဖြတ်သွားသော စစ်ကြောင်းတွင် ခမရ ၄၈၊ အမှတ် ၃၀၃၁ လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း၊ ခမရ ၂၆၄၊ ပျူစောထီး၊ ရဲများ ပါဝင်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article