30 C
Yangon

မြောက်ပိုင်းမဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်များနှင့် အပစ်အခတ်ရပ်စဲရေး တရုတ်နိုင်ငံက ကူညီပေးရန် စစ်ကောင်စီက တရုတ်အထူးကိုယ်စားလှယ်ကို တောင်းဆို

Must read

မြောက်ပိုင်းမဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်များနှင့် အပစ်အခတ်ရပ်စဲရေး တရုတ်နိုင်ငံက ကူညီပေးရန် စစ်ကောင်စီက တရုတ်အထူးကိုယ်စားလှယ်ကို တောင်းဆို

■ မင်းအောင်လှိုင် အပါအဝင် စစ်ဗိုလ်ချုပ်များနှင့် တရုတ်အထူးကိုယ်စားလှယ် ဆက်တိုက်တွေ့ဆုံ

ရန်ကုန်၊ ဇူလိုင် ၂၉

တရုတ်နိုင်ငံမှ အာရှရေးရာ အထူးကိုယ်စားလှယ် Mr. Deng Xijun သည် မြန်မာနိုင်ငံ ရောက် ရှိနေပြီး အကြမ်း ဖက်မင်းအောင်လှိုင် အပါအဝင် စစ်ဗိုလ်ချုပ်များနှင့်တွေ့ဆုံခဲ့ရာ စစ်ကောင်စီက မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အပစ်ရပ်ရေး တရုတ်နိုင်ငံက ကူညီပေးရန် တင်‌ြတောင်းဆိုခဲ့ကြောင်း သိရှိရသည်။

ဇူလိုင်လ ၂၇ ရက်နေ့တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်း ရေးကော်မတီဥက္ကဋ္ဌ စစ်ဗိုလ်ချုပ် ရာပြည့်နှင့် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် Mr. Deng Xijun ဦး ဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံ ခဲ့ကြ ကြောင်း၊ ဇူလိုင်လ ၂၈ ရက်နေ့တွင်မူ အကြမ်းဖက် မင်းအောင်လှိုင်နှင့် Mr. Deng Xijun တို့ တွေ့ဆုံကြကြောင်း သိရှိရသည်။

တွေ့ဆုံဆွေးမှုများတွင် စစ်ကောင်စီက တရုတ်နိုင်ငံအနေဖြင့် မြောက်ပိုင်း မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေးအတွက် ကြားဝင် စေ့စပ် ကူညီပေးရန် တရား၀င် တင်ပြ တောင်းဆိုခဲ့ကြောင်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိင်းရေးကော်မတီနှင့် နီးစပ်သော နေပြည်တော်စစ်ဘက် သတင်းရင်းမြစ်ထံမှ သိရှိရသည်။

လက်ရှိတွင် KIA ၊ TNLA ၊ ‌MNDA တို့က စစ်ကောင်စီတပ်များကို တိုက်ခိုက်လျက်ရှိပြီး တိုက်ပွဲများအပြင်းအထန် ဖြစ်ပွားရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article