30 C
Yangon

ညောင်လေးပင်မြို့နယ်တိုက်ပွဲတွင် အမြောက်တပ်မှ ဗိုလ်ကြီး သက်အောင်စိုး သေဆုံး

Must read

ညောင်လေးပင်မြို့နယ်တိုက်ပွဲတွင် အမြောက်တပ်မှ ဗိုလ်ကြီး သက်အောင်စိုး သေဆုံး

ရန်ကုန်၊ ဇူလိုင် ၃၀

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်တိုက်ပွဲတွင် အမြောက်တပ်မှ ဗိုလ်ကြီး သက်အောင်စိုး သေဆုံး သွားကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများက ပြောဆိုသည်။

ဇူလိုင်လ ၁၂ ရက်နေ့ ပဲခူးတိုင်း၊ညောင်လေးပင်မြို့နယ်အတွင်း တိုက်ပွဲတွင် ဗိုလ်ကြီး သက်အောင်စိုး အပြင်းအထန် ဒဏ်ရာရ ရှိကြောင်း၊ ယင်းနောက် ဆေးကုသမှု ခံယူရာမှ ဇူလိုင်လ ၂၉ ရက်နေ့တွင် သေဆုံး သွား ကြောင်း၊ သေဆုံးချိန်တွင် ဗိုလ်ကြီး သက်အောင်စိုးတွင် ကိုယ်ဝန်ဆောင် ဇနီးသည် ကျန်ရစ် ခဲ့ကြောင်း ၊ သေဆုံးမှု သတင်းကို တပ်အတွင်း ဖုံးအုပ်ထားကြောင်း သိရှိရသည်။

“ဗိုလ်ကြီး သက်အောင်စိုးက အရင် စိုက်မွေး တပ်ကနေ တောင်ငူတပ်ဘက်ကို ရွှေ့သွားတာ။ သူ့ဇနီးမှာ ကိုယ်ဝန်ရှိတာတောင် လပိုင်းလောက် ပဲရှိသေးတယ်။ ဒဏ်ရာရပြီး ဆေးကု ရင်း သေတာ” ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောဆိုသည်။

ဗိုလ်ကြီး သက်အောင်စိုးသည် စစ်တက္ကသိုလ် အပတ်စဉ် ၅၁ ကျောင်း ဆင်း ဖြစ်ပြီး စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားသော ပြည်သူများကို ပြက်ရယ် ပြုသော အရေးအသားများကို သူ၏ လူမှုကွန်ရက်တွင် မကြာခဏဆိုသလို တင်လေ့ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article