Khit Thit သတင်းဌာန၏ ဇူလိုင် ၃၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇူလိုင် ၃၁ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-တနင်္သာရီတိုင်းမှ ကမ်းရိုးတန်း ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူး၊ နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီး သိန်းလင်းနဲ့ တနင်္သာရီတိုင်း အမှတ် ၂၀ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် ဝင်းကျော်သူတို့ စစ်ကောင်စီက ဖမ်းဆီးလိုက်တယ်လို့ စစ်တပ်သတင်းရင်း မြစ်တွေဆီက သိရပါတယ်။
– ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်တိုက်ပွဲမှာ အမြောက်တပ်မှ ဗိုလ်ကြီး သက်အောင်စိုး သေဆုံး သွားတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေကပြောပါတယ်။ဇူလိုင် ၁၂ ရက်နေ့ ကတိုက်ပွဲမှာ ဗိုလ်ကြီး သက်အောင်စိုး အပြင်းအထန် ဒဏ်ရာရ ရှိပြီး ဆေးကုသမှု ခံယူရာမှ ဇူလိုင်လ ၂၉ ရက်နေ့မှာ သေဆုံး သွားတယ်လို့ သိရပါတယ်။
– တနင်္သာရီတိုင်း၊ လောင်းလုံးမြို့မှာ လက်နက်ကိုင် သင်္ကန်းဝတ် ၂ ဦး နဲ့ ပျူစောထီး ၆ ဦးကို ဖမ်းဝရမ်းထုတ် ထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
