29 C
Yangon

ဘားအံ သံလွင်တံတား စစ်ဆေးရေဂိတ်အနီး ပေါက်ကွဲမှုဖြစ်ပွားပြီး စစ်တပ် ဘက်မှ သေဆုံးထိခိုက်မှုများရှိ

Must read

ဘားအံ သံလွင်တံတား စစ်ဆေးရေဂိတ်အနီး ပေါက်ကွဲမှုဖြစ်ပွားပြီး စစ်တပ် ဘက်မှ သေဆုံးထိခိုက်မှုများရှိ

ရန်ကုန်၊ ဇူလိုင် ၃၁

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သံလွင်တံတား စစ်ဆေးရေးဂိတ်အနီးတွင် ယနေ့ နံနက်အစောပိုင်း‌ ပေါက်ကွဲမှုဖြစ်ပွားပြီး စစ်တပ်ဘက်မှ သေဆုံး ထိခိုက်မှုများပြားကြောင်း ရဲဘက်သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၇ နာရီဝန်းကျင် သံလွင်တံတား စစ်ဆေးရေး ဂိတ်တွင် ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် စစ်ဆေးရေး ဂိတ်တွင် တပ်ချထားသော စစ်သားများ၊ ရဲများ အပါအဝင် ဌာနပေါင်းစုံမှ ဝန်ထမ်းများထိခိုက်သေဆုံးမှုများရှိကြောင်း သိရှိရသည်။

“စိစစ်နေတုန်းပဲ။ ထိခိုက်သေဆုံးမှုရှိတယ်။ စစ်ဆေးရေးဂိတ်နားမှာ ပေါက်ကွဲ မှုဖြစ် တာ။ ဂိတ်မှာက အိပ်တဲ့ ဝန်ထမ်းတွေ ရှိတယ်။ လုံခြုံရေး ဝန်ထမ်းတွေ လည်း ထိခိုက်မှုရှိတယ်” ဟု ရဲဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

သံလွင်တံတား(ဘားအံ) ဘားအံမြို့နှင့် မြိုင်ကလေးရွာကို ဆက်သွယ်ပေးထား သည့်တံတားဖြစ်ပြီး နှစ်လမ်းသွားကားလမ်းနှင့် လူသွားလမ်းတို့ ပါဝင်ကြောင်း၊ အဆိုပါတံတားကို ၁၉၉၄ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၇ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့တွင် သန်းရွှေက ဖွင့်လှစ်ခဲ့သော တံတားလည်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article