33 C
Yangon

ပခုက္ကူမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က မီးရှို့မှု နေအိမ် ၇၀ ကျော်ပြာကျပြီး ပြည်သူပိုင် ပစ္စည်းများကိုလည်း ခိုးယူ ဖျက်ဆီးသွား

Must read

ပခုက္ကူမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က မီးရှို့မှု နေအိမ် ၇၀ ကျော်ပြာကျပြီး ပြည်သူပိုင် ပစ္စည်းများကိုလည်း ခိုးယူ ဖျက်ဆီးသွား

ရန်ကုန်၊ သြဂုတ် ၃

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့မှု နေအိမ် ၇၀ ကျော်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၂ ရက်နေ့တွင် ပခုက္ကူမြို့နယ်ရှိ ဖလံအိုစံပြကျေးရွာနှင့် ချောင်းခွကျေးရွာကို အကြမ်းဖက် စစ်တပ်က ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၇၀ ကျော်ပြာကျကာ ပြည်သူပိုင်း ပစ္စည်းများကိုလည်း ခိုးယူ ဖျက်ဆီးသွားကြောင်း သိရသည်။

” ဖလံအိုစံပြကျေးရွာက ထရမ်စဖော်မာတွေကော စစ်ခွေးတွေက ဖျက်ဆီးသွားတယ်။ ရွာထဲက ပစ္စည်းတွေအကုန်ခိုးသွားတယ် ဖလံအိုက ၁ အိမ်ပဲ မီးထဲပါသွားတယ်။ အခြားနေရာတွေကတော့ ရှို့တယ်။ မိုးနဲ့ဆိုတော့ သိပ်မလောင်လိုက်ဘူး။ ချောင်းခွရွာကတော့ နေအိမ်​ ၇၀ ကျော်လောက် မီးထဲပါသွားတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article