38 C
Yangon

ရန်ကုန်တွင် လူငယ်များကို ပစ်မှတ်ထား၍ စစ်ဆေးမှုများ လုပ်ဆောင်နေပြီး YBS ကားများပေါ် အထိ တက်ရောက်စစ်ဆေးမှုများ လုပ်ဆောင်

Must read

ရန်ကုန်တွင် လူငယ်များကို ပစ်မှတ်ထား၍ စစ်ဆေးမှုများ လုပ်ဆောင်နေပြီး YBS ကားများပေါ် အထိ တက်ရောက်စစ်ဆေးမှုများ လုပ်ဆောင်

ရန်ကုန်၊ ဩဂုတ် ၅

ရန်ကုန်မြို့တော်တွင် အကြမ်းဖက်စစ်ကောင်စီက လူငယ်များကို ပစ်မှတ် ထား ၍ စစ်ဆေးမှုများ လုပ်ဆောင်နေပြီး မသင်္ကာသော လူငယ်များကို ဖမ်းဆီး ခေါ်ဆောင်မှုများ လုပ်ဆောင်နေကြောင်း ရဲသတင်းရင်းမြစ်များနှင့် ရန်ကုန်မြို့ မှ ပြည်သူများထံမှ သိရှိရသည်။

ယခု ဩဂုတ်လ ၁ ရက်နေ့မှစတင်၍ အကြမ်းဖက်စစ်ကောင်စီက ကားမှတ် တိုင်အနီး၊ လမ်းဆုံလမ်းခွများတွင် ဂိတ်ချစစ်ဆေးသည့်ပုံစံအပြင် ကားများဖြင့် လိုင်းကားများ နောက်ကိုလိုက်၍ ရပ်တန့်ခိုင်းပြီး စစ်ဆေးခြင်းများ၊ တက္ကစီနှင့် အိမ်စီးကားများကိုပါ ကားများဖြင့် လိုက်၍ ရပ်တန့် စစ်ဆေးခိုင်းခြင်းများ လုပ် ဆောင်လာကြောင်း သိရှိရသည်။

“အရင်က လမ်းမှာ ဂိတ်ချစစ်တာ။ အခုက သူတို့စစ်ကားတွေနဲ့ ကားတွေကို နောက်ကလိုက်ပြီး ရပ်ခိုင်းပြီး စစ်တာ။ YBS တွေကိုပါ အဲဒီလို ရပ်ခိုင်းပြီး ကားပေါ်တက်စစ်တယ်။ ကျောပိုးအိတ်တွေ၊ လွယ်အိတ်တွေ၊ ပိုက်ဆံအိတ် တွေ ဖုန်းတွေ အကုန်စစ်တယ်။ မသင်္ကာရင် ကားပေါ်ဆွဲတင်သွားတယ်။ မနေ့ က တောင်ဥက္ကလာဘေလီတံတား ကားဂိတ်နားမှာ YBS ပေါ်တက်စစ်ပြီး ဖုန်းထဲမှာ ဖျက်ထားတာတွေ တွေ့လို့ဆိုပြီး ကောင်လေးနဲ့ ကောင်မလေး အတွဲ ကို လိုင်းကားပေါ်ကနေ ဆွဲချပြီး စစ်ကားပေါ် တင်ခေါ်သွားတယ်” ဟု တောင်ဥက္ကလာမြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီက စစ်ဆေးမှုများလုပ်ဆောင်ရာတွင် ယူနီဖောင်းဝတ်များသာမက အရပ်ဝတ်များဖြင့် အသွင်ယူ စစ်ဆေးမှုများ လုပ်ဆောင်လာကြောင်း၊ အထူး သဖြင့် ရန်ကုန်မြို့လယ်နှင့် လှည်းတန်းလမ်းဆုံ၊ လူစည်းကားရာ မှတ်တိုင် လမ်းဆုံများတွင် အရပ်ဝတ်များဖြင့် စောင့်ကြည့်စစ်ဆေးမှုများ ပိုမို တင်းကျပ် လာကြောင်း သိရှိရသည်။

စစ်တပ်က စစ်ဆေးမှုများလုပ်ဆောင်ရာတွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသား၊ အမျိုးသမီးများကို ဦးစားပေး စစ်ဆေးပြီး မသင်္ကာဟုဆိုကာ ခေါ်ယူ သွားခံရသူတချို့ကိုလည်း ငွေကြေးတောင်းယူပြီးမှ ပြန်လွှတ် ပေးမှုများရှိ ကြောင်း သိရှိရသည်။

“တောင်ဒဂုံဘက်မှာ အလုပ်သိမ်းချိန်အိမ်ပြန်လာတဲ့ လူငယ်လေးတွေ ၇ ဦးလောက် စစ်တပ်နဲ့ရဲက မသင်္ကာလို့ ဆိုပြီး ဖမ်းတယ်။ အဲဒါပြီးတော့ တစ်ဦးကို ငွေကျပ် ၁ သိန်းခွဲနဲ့ အိမ်တွေကို လာရွေးခိုင်းပြီး ပြန်လွှတ်ပေးတယ်။ ကားပေါ်မှာ တင်ပြီး ချက်ချင်း ငွေတောင်းတယ်။ သက်ဆိုင်ရာအိမ်တွေဆီ ဖုန်းဆက်ခိုင်းပြီး ငွေလာပေးမှ ပြန်လွှတ်ပေးတယ်။ လုံခြုံရေး အကြောင်းပြပြီး ငွေညှစ်ခံနေရတာ” ဟု တောင်ဒဂုံမြို့မှ ဝပ်ရှော့ပိုင်ရှင်တစ်ဦးက ရှင်းပြသည်။

ဓာတ်ပုံ-ယမန်နေ့ တောင်ဥက္ကလာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကားများ ကို တား၍ စစ်ဆေးမှုများလုပ်ဆောင်နေစဉ်။

ယမန်နေ့ တောင်ဥက္ကလာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကားများ ကို တား၍ စစ်ဆေးမှုများလုပ်ဆောင်နေစဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article