စစ်အာဏာရှင် တော်လှန်ရေး ရှစ်လေးလုံး ၃၅နှစ်မြောက်အထိမ်းအမှတ် လန်ဒန်ရှိ ဗြိတိသျှ ပါလီမန်နှင့် အင်္ဂလန်ဝန်ကြီးချုပ်အိမ်ရှေ့တို့တွင် မြန်မာစစ်ကောင်စီကို ဖိအားပေး အရေးယူရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဩဂုတ် ၆
စစ်အာဏာရှင် တော်လှန်ရေး ရှစ်လေးလုံး ၃၅နှစ်မြောက်အထိမ်းအမှတ် လန်ဒန်ရှိ ဗြိတိသျှ ပါလီမန်နှင့် အင်္ဂလန်ဝန်ကြီးချုပ်အိမ်ရှေ့တို့တွင် မြန်မာ စစ်ကောင်စီကို ဖိအားပေး အရေးယူရေး ချီတက် ဆန္ဒပြကြသည်။
အဆိုပါ ဆန္ဒပြပွဲသို့ ပရိတ်သတ် အင်အားရာချီတက်ရောက်ကြပြီး ဗြိတိသျှ ပါလီမန် ရှေ့၊ အင်္ဂလန်ဝန်ကြီးချုပ်နေအိမ်ရှေ့တို့တွင် ဆန္ဒဖေါ်ထုတ်ပြီး မြန်မာ အကြမ်းဖက်စစ်တပ်က ဖမ်းဆီးထားသော ခေါင်းဆောင်များနှင့် နိုင်ငံရေး အကျဥ်း သားများ အမြန်ဆုံးပြန်လွှတ်ပေးရေး၊ ဖယ်ဒရာယ်ဒီမိုကရေစီ ဖေါ် ဆောင်ရေးတို့ကို အမြန်ဖေါ်ဆောင်ရေး စစ်ကောင်စီ ကို ဖိအားပေး အရေး ယူဆောင်ရွက်ရန်တောင်းဆိုကြသည်။
ဆန္ဒပြပွဲများ အပြီး Green park ပန်းခြံတွင် ရန်ပုံငွေဈေးရောင်းပွဲ ဆက်လက် ပြုလုပ် ခဲ့ကြောင်း သိရှိရသည်။