39 C
Yangon

စစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် ထားဝယ်အကျဉ်းထောင်မှ ထွက်ပြေးလာသူ အကျဉ်းဦးစီးဌာန၊ ဒုတပ်ကြပ် နိုင်လင်းကျော်နှင့်တွေ့ဆုံခြင်း

Must read

“နိုင်ငံရေးအကျဉ်းသားတွေကို စစ်တပ်က ထောင်ပြင် ခေါ်ထုတ်ပြီး သတ်ဖြတ် နေတာ ဖြစ်ဖို့များတယ်” လို့ ဆိုလိုက်တဲ့ ထားဝယ်အကျဉ်းထောင်မှ ဒုတပ်ကြပ် နိုင်လင်းကျော်နှင့်တွေ့ဆုံခြင်း

By ရန်ကုန်ခေတ်သစ်

စစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် ထားဝယ်အကျဉ်းထောင်မှ ထွက်ပြေးလာသူ အကျဉ်းဦးစီးဌာန၊ ဒုတပ်ကြပ် နိုင်လင်းကျော်နှင့်တွေ့ဆုံခြင်း

မြန်မာနိုင်ငံမှ အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေကို သတ်ဖြတ် ညှဉ်းပန်းနှိပ်စက်မှုတွေ အရှိန်အဟုန်နဲ့ ဖြစ်ပွားလျက်ရှိပါတယ်။ စစ်တပ် အာ ဏာ သိမ်းပြီးနောက် ပိုမိုဆိုးရွားစွာ ဖိနှိပ် လာပြီး နိုင်ငံရေးအကျဉ်းသား တွေ ကိုအပြင်ခေါ်ထုတ်ပြီး သတ်ဖြတ်တဲ့အထိ ဆိုးရွားလာသလို အကျဉ်း ဦးစီး ဝန် ထမ်း တွေကို စစ်တပ်က ဖိနှိပ်မှုတွေရှိလာတယ်လို့ဆိုပါတယ်။

အဲဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ထားဝယ်အကျဉ်းထောင်မှ နုတ်ထွက်ခွင့် မရလို့ ထွက်ပြေးလာတဲ့ ဒုတပ်ကြပ် ကိုနိုင်လင်းကျော် နဲ့တွေ့ဆုံမေးမြန်း ထားပါတယ်။

မေး။ ။ နာမည်နဲ့ ဘယ်လိုကြောင့် ထိုင်းဘက်ကို ရောက်လာတယ်ဆိုတာ ရှင်းပြပေးပါ။

ဖြေ။ ။ ကျွန်တော့် နာမည်ကတော့ နိုင်လင်းကျော်ပါ ကျွန်တော်ကတော့ ထားဝယ်ထောင်မှာ စပြီးတာဝန်ထမ်းဆောင်တာ ၂၀၁၄ တည်းကပေါ့။ ၂၀၁၄ ကတည်းကနေ တာဝန်ထမ်းဆောင်တာ ၂၀၂၃ အထိပေါ့။ အဲဒီ တာဝန်ထမ်း ဆောင် တဲ့ ကာလမှာ ကျွန်တော့် တာဝန်တွေကတော့ ယာဉ်မောင်းပေါ့ ဒီထောင်ထဲမှာ ရေစက်မီးစက်ပေါ့၊ ပြီးတော့ ဗဟိုကင်းမှာ ဒုကင်းမှူး လုပ် ပါတယ်။

ဆိုးဝါးတယ်ပေါ့ ဒီလို အာဏာသိမ်းပြီးနောက်ပိုင်းမှာ သူတို့က ဘယ်လိုဖြစ်လဲ ဆိုတော့ အကြောက်တရားနဲ့ နေရတဲ့ ပုံစံပေါ့။ တစ်ခုခုဖြစ်ရင် ဘယ်အချိန်များ ပစ်မလဲ ခတ်မလဲ ဒါမျိုးတွေ စိတ်ပူရတာ ရှိမှာပေါ့။ ကျွန်တော်တို့ ဝန်ထမ်းပိုင်း ကလည်း တစ်ခုခုဖြစ်တယ်ဆိုရင် အမြဲတမ်း Stand by နေရတဲ့ အနေအထား တွေ ရှိတယ်။

ကျွန်တော်တို့ Stand by ၊ ဂျူတီထမ်းဆောင်မယ်ဆိုလို့ရှိရင်လည်း အမြဲတမ်း အသင့်နေရတယ်။

ဒါပေမဲ့ နည်းနည်းလေး သီးခြား ခွဲခြားတာ တစ်ခုရှိတယ်ဗျ။ သူတို့ ကနိုင်ငံရေး အကျဉ်းသားတွေ တူတူနေကြတယ်ပေါ့။ ထောင်ထဲမှာ အတူတူလေး နေကြ တယ်။ အဲဒါဆိုရင် သူတို့က ကြောက်ရတာပေါ့။ ကျွန်တော်တို့က သူတို့ကို ဒီကောင် တွေ ဘာလုပ်မလဲ အဲဒီလိုမျိုး ကျွန်တော်တို့ အမြင်ကနေ ပြန်ကြည့် ရတဲ့ သဘောကို ပြောပြတာ။ ဘာလုပ်မလဲ ဒီကောင်တွေ တစ်ခုခုများ ကြံနေ မလား။ အမြဲတမ်း မျက်ခြည်မပြတ်သူတို့ကို စောင့်ကြည့်ရတယ်။

အဲဒီလိုမျိုးတွေ လုပ်ရတယ်။ ဒါပေမဲ့ ကျန်တဲ့ ထောင်စခန်းတွေကတော့ ဆိုး တယ်။ ဒါပေမဲ့ ကျွန်တော်နေခဲ့ရတုန်းက အထဲက အကျဉ်းသား ရာဇာထွန်းတို့ ဘာတို့ဆို ကျွန်တော်နဲ့ နဂိုတည်းက သိတယ်။ သူဆိုရင် ကျွန်တော်နဲ့ ညီလို အစ်ကိုလို သူငယ်ချင်းလိုပဲ။ ရိုက်နှက်တာတော့ လက်ရှိမှာတော့ မကြုံခဲ့ရဖူးပေါ့ ။

ဒါပေမဲ့ ပြဿနာ တစ်ခုခုဖြစ်ရင်တော့ တစ်ခုခု ရန်ဖြစ်တာတို့ အချင်းချင်း ဖြစ် တာ တို့ဆိုရင် ရိုက်တာ နှက်တာတော့ ရှိတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့က မပါပါဘူး။ ထောင်မှာ သတင်းထွက်တဲ့ နာမည်ကြီးတဲ့ အရာရှိတွေလည်း ရှိပါတယ်။ သူတို့ကတော့ တကယ်လုပ်တယ်၊ တကယ်ရိုက်တယ်၊ ကိုယ်တော့ မမြင်ခဲ့ရဘူး။ ကျွန်တော်က အပြင်မှာ တာဝန်ထမ်းဆောင်တော့ ။

မေး။ ။ အခုနောက်ပိုင်း စစ်တပ်ကပါ အုပ်ချုပ်လာတယ်လို့ ကြားရတယ်။ အဲဒါမျိုးကို ကြုံခဲ့ရလား ။

ဖြေ။ ။ ထားဝယ်ထောင်မှာ ပြဿနာတစ်ခုတက်သွားတယ်ပေါ့နော်။ လုံ/နယ် ဝန်ကြီးကနေ ရှာဖွေရေးဝင်လုပ်တယ်ပေါ့။ စစ်တပ်နဲ့ပေါ့။ စစ်တပ်နဲ့ ဝင်လာပြီးတော့ ထောင်ထဲမှာ မူးယစ်ဆေးဝါးတွေ မိတယ်၊ ဖုန်းတွေ မိတယ်၊ သွင်းတဲ့ ဝန်ထမ်းတွေကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်ပေါ့။ အဲဒီ နောက် ပိုင်းမှာ တပ်က လုံခြုံရေး ချထားတယ်ပေါ့။ ဗဟိုကင်းတို့၊ မျှော်စင်တို့၊ ထောင် ဝင်စာ ပါဆယ်နေရာတွေမှာ သူတို့က ဝင်ပြီးတော့ နေရာယူ ထားတာ တွေရှိ တယ်။

မေး။ ။ ထောင်ဝင်စာပို့တာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဘယ် လောက်ထိ အခြေအနေ ဆိုးရွားနေလဲ ။

ဖြေ။ ။ အဓိက အာဏာကမသိမ်းခင်က စပြီး ကိုဗစ်ကနေ ထောင်ဝင် စာတွေ ပိတ်လိုက်တယ်။ ကိုဗစ်အကြောင်းပြ ထောင်ဝင်စာတွေ ဆက်ပိတ် တယ်၊ အဲဒီကနေ ပါဆယ်ပဲ သွင်းတယ်၊ ပါဆယ်မှာ အကျဉ်းသားနဲ့ အချုပ်သား ဆိုပြီး နှစ်မျိုးခွဲထားတာပေါ့။ အကျဉ်းသားက ၃ရက်ပေးထားတယ်၊ အချုပ်သား က ၂ ရက်ပေါ့။ ၂ ရက်အတွင်းမှာ တစ်ကြိမ်ပို့လို့ရမယ်။ တစ်ကြိမ်ပို့တဲ့ နေရာမှာလည်း တန်းစီပြီးစောင့်ရတယ်။ လူက များတယ်ပေါ့နော်။

လူဦးရေက တစ်ထောင်လောက်ရှိတော့ ။ တန်းစီပြီးစောင့်ရတော့ တစ်ခါခါ စိတ်မရှည်တာနဲ့ အချိန်မမီတာနဲ့ ပစ္စည်းတွေက အများကြီးပဲ ကျပ်ပိတ်သိပ် ပြီးတော့ ပို့တော့ ဟိုထဲရောက်တော့ ကြေသွားတာတို့ ပျောက်တာ ရှတာတို့ ရှိတယ်။ စားရေးသောက်ရေးကလည်း အိမ်က ပါဆယ်လာမှ သူတို့က အဆင် ပြေ တဲ့ လူရှိတယ်။ တချို့ကလည်း ခက်ခဲနေတယ်။ နိုင်ငံရေးအ ခြေအနေ မကောင်းလို့ စီးပွားရေး လုပ်စားကိုင်စားလို့ မရတဲ့လူတွေလည်း အများကြီးပဲ။ သူတို့ ခက်ခဲနေကြတယ်။

ကျန်းမာရေးကျတော့လည်း လူတွေ ကျပ်ပိတ်သိပ်ပေါ့နော်။ လူတွေက များလာ တယ်၊ ထောင်သားတွေက များလာတယ်။ နေ့တိုင်း လွတ်တဲ့ လူတဲ့လူက နည်းပြီးတော့ ထောင်ထဲကို ခေါ်ထည့်တဲ့ လူက မျာလားတယ်ဆိုတော့ အဝင်နဲ့ အထွက်က မညီမျှဘူး။ အဲဒီတော့ ကျန်းမာရေးပိုင်းဆို တချို့တွေက ယားနာ တွေ ပေါက်တယ်၊ ပန်းနာရင်ကျပ်ရှိတဲ့လူတွေ ဆိုရင်တော့ လူများတဲ့ နေရာလေး တွေ နေရင် အမောဖောက်တာလေးတွေ ရှိတယ်။

မေး။ ။ ထောင်ထဲမှာ အစားအသောက်နဲ့ ရေချိုးလို့ရတာကရော ဘယ်လိုအခြေအနေရှိလဲ။

ဖြေ။ ။ ရေကတော့ ပုံမှန် ပေးချိုးပါတယ်။ တစ်နေ့ကိုတော့ တစ်ကြိမ် ကတော့ ပုံမှန် ချိုးရတယ်။ ဒါပေမဲ့ ရေကတော့ ထောင်က ကုန်းပေါ်မှာဆိုတော့ ရေက တစ်ခါတလေကျရင် ခက်ခဲတာရှိတယ်။ အဝီစိတွင်းတွေနဲ့ တင်ပြီးတော့ မနိုင်တာ ရှိတယ်။ မလောက်ငတာ ရှိတယ်၊တစ်ခါတလေကျရင် ရေပေါပေါ သီသီ မချိုးရတာ ရှိတယ်။ အဲဒီလိုတော့ ရှိတယ်။

မေး။ ။ မူးယစ်ဆေးဝါးနဲ့ ဖုန်းသွင်းတာတွေမှာ စစ်တပ်အရာရှိတွေ ဘယ်လောက် ပါဝင်ပတ်သက်နေလဲ။

ဖြေ။ ။ အဲဒီ ဖုန်းတွေ သွင်းတယ်ဆိုတဲ့ ကိစ္စက တော်တော်ဆိုးတယ်ဗျ။ ၂ နှစ်လောက်ရှိပြီ. ဝန်ထမ်းတွေကို ထောင်ပိုင် က ဖမ်းမိတယ်၊ သိတယ်။ ရှာဖွေရေး ဝင်လုပ်တုန်းက ဖုန်းတွေမိတယ်၊ မူးယစ်ဆေးတွေ မိတယ်။ အဲဒါ လည်း သူတို့ဘာ သူတို့ အချင်းချင်းဖျောက်လိုက်တယ်။ ပျောက်သွားတယ်။ ဘာ သတင်းအရေးယူတာမှ မရှိဘူး။

အခု တပ်က ဝင်ဖမ်းမှသာ အရေးယူတာ ရှိတယ်။ အဲဒီနောက်ပိုင်းမှာ မရှိတော့ တဲ့ ကျွန်တော့်ကို နာမည်လွှဲချတယ်။ ကျွန်တော်က ထောင်ကနေ ထွက်လာ တာက ၆ လပိုင်း အစောပိုင်း ၅ လပိုင်းကုန်ခါနီးလောက် လိမ်လာတယ်။ ၆ လပိုင်းမှာ ထိုင်းကို ၃ ရက်နေ့လောက် ရောက်တယ်ပေါ့။

အဲဒါကို ကျွန်တော် ထွက်လာတယ်ဆိုရင် ဝန်ထမ်းတစ်ယောက်ကို ၂၁ ရက်ပေါ့။ ၂၁ ရက် ခွင့်မဲ့ ပျက်ကွက်ခွင့် စာထုတ်ရမယ်၊ တင်ရမယ်၊ အထက်ရုံးကိုပေါ့။ အခုက ဖုန်းတွေကို လုံနယ်တို့ ဝင်ရှာပြီး ထောင်က နာမည်ပျက်ပြီး နာမည် ထွက်လာပြီဆိုတော့မှ ကျွန်တော့်ရဲ့ ခွင့်မဲ့ပျက်ကွက်တဲ့ အကြောင်းအရာကို ဇူလိုင်လ ၂၆ ရက်နေ့မှ တင်တယ်။

အဲဒီမှာပဲ ဖုန်းမိတဲ့ဟာကို ဇူလိုင် ၂၆ နဲ့ စာထွက်တယ်။ ကျွန်တော်က သွင်းခဲ့ တယ် ပေါ့။ လွန်ခဲ့တဲ့ ၃ လခန့်က ။ အဲဒီလိုပေါ့ လိမ်ဆင်တွေ လုပ်ပြီးတော့ ။ ဝန်ထမ်းတွေကို ကျန်တဲ့ လူတွေကို အဲဒီ မူးယစ်ဆေးဝါးဖမ်းမိ တဲ့အချိန်မှာ လည်း ဝန်ထမ်းတွေကို ထောင်ထဲပဲ ပိတ်တယ်။ ထောင်ထဲမှာ ပိတ်ထားတယ်၊ ထိပ်တုံးခတ်တယ်။ ဒီလောက်ပဲ။ အဲဒီလို ဝန်ထမ်းတွေက အခုချိန်အထိ ထောင်မှာ ရှိသေးတယ်။

မေး။ ။ အကျဉ်းထောင်၊ အကျဉ်းဦးစီးဝန်ထမ်းအဖြစ်ကနေ ဘာကြောင့် ထွက်ပြေးလာတာလဲ။

ဖြေ။ ။ ကျွန်တော် CDM လို့တော့ မပြောပါဘူး။ ကျွန်တော် CDM ဆိုရင် ထွက်ဖို့လည်း လွယ်မှာ မဟုတ်ဘူး။ ပိုဆိုးသွားမယ်။ ကျွန်တော် အလုပ်ထွက်ဖို့ အတွက် ၁ နှစ်လောက် အချိန်ယူရတယ်။ အချိန်ယူပြီးတော့ ကျွန်တော့် မိန်းမနဲ့ ကလေးကို အရင်ဆုံး ထိုင်းကို ကျွန်တော် အရင်လွှတ်လိုက်တယ်။ မိန်းမနဲ့ ကလေးရောက်တာ ၆ လလောက်ရှိပြီ ။ ဒီကို ။

ကျွန်တော်ကတော့ အဆင်ပြေရင် လိုက်လာမယ်။ ထွက်မှာဆိုတော့ မင်း သွားမှာ မလား သူတို့က မေးတယ်။ မသွားပါဘူး။ ကျွန်တော်လုပ်ဦးမှာ အဲဒီလိုမျိုး ပြောပြီးတော့ သူတို့ သတိမထားမိအောင် ၅ လ ၆ လလောက် နေပြီးတော့မှ သတိမထားမိတော့မှ ကျွန်တော်က ထွက်လာတာ။

မေး။ ။ ဘာကြောင့် ထောင်က ထွက်လာဖြစ်ဖို့ ဆုံးဖြတ်ရတာလဲ။

ဖြေ။ ။ အုပ်ချုပ်တဲ့ ပုံစံတွေ နည်းစနစ်တွေ ထောင်ကလည်း ပျက်နေပြီ။ အရင်ကနေခဲ့တဲ့ ထောင်နဲ့လည်း မတူတော့ဘူး။ အုပ်ချုပ်မှု အပိုင်းတွေက ကိုယ့်ဘာသာ အလုပ်လုပ်နေလည်း ကိုယ့်အလုပ်က သူများအလုပ်လို ဖြစ် နေတယ် ။ ကိုယ့်အိမ်မဟုတ်ဘဲ သူများအိမ်မှာ နေရတဲ့ သဘောဖြစ်တယ်။ အုပ်ချုပ်မှုပုံစံပြောင်းသွားတော့ သူတို့ပဲ ကြောက်နေရတယ်။

ကျွန်တော့် သူငယ်ချင်းတွေ ကျွန်တော်နဲ့ သိတဲ့ သူငယ်ချင်းတွေ ထောင်ထဲမှာ နိုင်ငံရေးမှုတွေနဲ့ ကျတယ်။ သူတို့ကို အကူအညီပေးချင်ပေမယ့် မကူညီနိုင်ဘူး။ အဲဒါတွေလည်း စိတ်မကောင်းဘူးပေါ့ဗျာ။

မေး။ ။ နိုင်/ကျဉ်းတွေကို ထောင်ပြောင်းရင် ထွက်ပြေးလို့ ပစ်သတ်လိုက် တယ်ဆိုတာ ယုံကြည်စရာကောင်းတဲ့ အကြောင်းပြချက်လား ဘယ်လိုထင်လဲ။

ဖြေ။ ။ ကျွန်တော့် အမြင်အရ ပြောရရင်တော့ အခုက ရုံးထုတ်တယ် ဆိုရင်တော့ ကားကတော့ ရဲ အချုပ်ကားကြီးနဲ့ လာတာပေါ့နော်။ အချုပ်ကားနဲ့ သူ တို့ သေချာ သော့ခတ်ပြီးတော့မှ သွားတယ် လာတယ်ပေါ့။ ကားမှောက် တယ်ဆိုရင် သူတို့ဆီ မှောက်တယ်ဆိုရင် အကုန်လုံးတော့ လုံးထွေးတာတွေ ဖြစ်သွားမှာပေါ့။

အဲဒီလိုမျိုးကျရင် သူတို့ အထဲမှာလည်း ရဲတွေ ၊ လုံခြုံရေးတွေ ပါမှာပေါ့။ သူတို့ ထဲမှာ ဝင်စောင့်တဲ့ တစ်ကန့်ရှိတယ်။ အခန်းက ကန့်ထားတာကိုး။ သူတို့နေတဲ့ အကန့်မှာလည်း တံခါးတစ်ချပ် ခြားထားသေးတယ်။ အဲဒီလိုပေါ့ သေနတ်လု ဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး။ သူတို့ပြောတော့ သူတို့ စကားပေါ့။ တွေးကြည့်ရင် မဖြစ််နိုင်တာ များပါတယ်။

မေး။ ။ နိုင်/ကျဉ်းတွေကို ရည်ရွယ်ချက်ရှိရှိ အပြင်ခေါ်ထုတ်သတ်ဖြတ် တယ်လို့ ပြောလို့ရလား။

ဖြေ။ ။ ကားမှောက်တယ်လို လုံးထွေးပြီးဖြစ်သွားတယ်။ ထိမိခိုက်မိတာ ဖြစ်သွားမယ်။ သေနတ်တွေ ဘာတွေ သွားထိမိတာလည်း ဖြစ်သွားမယ်။ အဲဒီလိုမျိုး လုတယ်လို သတ်မှတ်ရင်လည်း ဟုတ်မှာပေါ့။ သူတို့က သေနတ်ကို မောင်းတင်ပြီးသားလေ။ သေနတ်ရှိတဲ့ ကောင်ဆိုတာက အချိန်မရွေး လက်ယား နေတာပဲ။ ကျွန်တော်တို့လည်း သေနတ်ကိုင်ခဲ့တာပဲ။

သေနတ်လက်ထဲမှာ ကျည်ရှိတယ်ဆိုရင် စိတ်ထဲမှာ တစ်မျိုးဖြစ်တယ်လေ။ ပစ်ချင်ခတ်ချင်တာပေါ့။ ပြောရရင်တော့ အခုအချိန်မှာ ဘာလုပ်လုပ်ရတယ် ဆိုတဲ့ သဘောရှိနေတာပေါ့။ ကျွန်တော် မြင်ဖူးတယ်။ ကျွန်တော် တပ်ထဲ သွားတယ်ဆိုရင် အားနေ ကျည်ဖောက်ကစားနေတယ်။ တပ်ထဲ ကျည်ပစ် ကစားတယ်။ အရူးတွေ့ အရူးပစ်။ လူတွေကို လိုက်စတာပေါ့။ သူတို့လက်ထဲ သေနတ်ရှိရင် သူတို့လုပ်ချင်တာ လုပ်ခွင့်ရှိတယ် ပစ်ချင်ရင် ပစ်လို့ရတယ် အဲဒီလိုတွေ လုပ်နေတာ။

မေး။ ။ လက်ရှိထားဝယ်အကျဉ်းထောင်ဟာ လူဦးရေ ဆန့်တာထက် ဘယ်လောက်ထိ များပြားနေလဲ။

ဖြေ။ ။ ၂၀၁၄ တာဝန် ထမ်းဆောင်တုန်းက အကျဉ်းသားက ၁၉၀ ပေါ့။ အချုပ်နဲ့ ၁၉၀ ၊ ၂၀၀ ကျော်ပဲ ရှိတယ်။ အဲဒီနောက်ပိုင်းကနေ များများ လာတာ ပေါ့နော်။ ဦးသိန်းစိန်လက်ထက်တို့ ဘာတို့မှာ များလာတယ်၊ ပြန်လွှတ် ပေးတယ်။ ဒါပေမဲ့ ဖမ်းတဲ့ လူက များတယ်ဆိုတော့ ဘယ်လိုဖြစ်လို့လဲဆိုတော့ အကျဉ်းသားဦးရေက ကျွန်တော် ထွက်မပြေးလာခင်အထိ ၁၁၀၀ ကျော် လောက် ရှိတယ်။ အဲဒီမှာတော့ နိုင်ငံရေးအကျဉ်းသားက များတာပေါ့။ အဓိကကတော့ တစ်ဝက်နီးပါးလောက်ရှိမယ်ဗျ။ ကျန်တဲ့ အမှုကတော့ မူးယစ်ဆေးဝါးတို့ အမှုမျိုးစုံပေါ့။

မေး။ ။ စစ်တပ်လက်အောက်ခံ အကျဉ်းဦးစီးဌာနကနေ ရုန်းထွက်ခဲ့ပြီ ဆိုတော့ ကျန်ခဲ့တဲ့သူတွေကို ဘာပြောချင်လဲ ။

ဖြေ။ ။ ပြည်သူလည်း မုန်းတယ်။ လုပ်နေရင်လည်း ယူနီဖောင်းမြင်တာနဲ့ မုန်းနေကြတာကိုး။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်တို့က အတူတူပဲ လက်ကိုင် တုတ်ပဲ ၊ ဘောမပဲ ဆိုပြီး ရော မုန်းကြတာပဲ။ ကိုယ်ကောင်းကောင်းမွန်မွန်နေ လည်း ကိုယ် ကောင်းကောင်းမွန်မွန်လုပ်လည်း အဲဒီ အမုန်းတရားအောက်မှာ နေရတာ အဆင်မပြေဘူး ။

ကျွန်တော်တို့ဆို ဟိုအရင်ကတည်းက ဦးသိန်းစိန်လက်ထက်တို့ ဒေါ်အောင် ဆန်း စုကြည်လက်ထက်တို့ ယူနီဖောင်းနဲ့သွားလည်း အေးဆေးပဲ။ ကိုယ့် ယူနီဖောင်းကိုယ် ဂုဏ်ယူပြီး ဝတ်သွားလို့ ရသေးတယ်။ ကျော့ကျော့ မော့မော့ လေး သွားလို့ရတယ်။ ခုက မဝံ့မရဲ ဖြစ်သွားပြီ။ အပြင်သွားပြီး ကားမောင်းပြီး သွားမယ် ဆိုရင် ယူနီဖောင်းကို ချွတ်ပြီး ကြောက်နေရတယ်ပေါ့။ ကြောက်နေရ တယ်ဆိုတာ ပြည်သူက အများကြီး ပါတာကိုး။

အဲဒါကြောင့်မို့လည်း တချို့တွေက ထွက်ပါ၊ ဒီ အဆင်မပြေတော့တဲ့ အလုပ်ကြီး မှာ ပေတေပြီးတော့ ဘာလို့ ဆက်ပြီးတော့ လုပ်တော့မှာပဲ။ နောင်မှာ ပေါ့နော် ပြောချင်တာက ကျွန်တော့်ကို ဒုက္ခရောက်အောင်လို့ အမှုတွေ လုပ်တယ်။ နာမည်တွေ ထိုးချတယ်။ အဲဒီလိုပဲ ခံနေရတာပဲ။ ဝန်ထမ်းတွေ လုပ်မယ့်အစား လွတ်လပ်ရာ လွတ်လပ်ကြောင်းပဲ ထွက်လာကြတော့ ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article