26 C
Yangon

ဘုတလင်မြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ကျေးရွာ ၄ ရွာမှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

Must read

ဘုတလင်မြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ကျေးရွာ ၄ ရွာမှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ ဩဂုတ် ၈

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ကျေးရွာ ၄ ရွာမှ ထောင်နှင့်ချီသော ပြည်သူများမှာ အရေးပေါ် စစ်ဘေးရှောင်နေရကြောင်း ဒေသနေပြည်သူ များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဩဂုတ်လ ၈ ရက် နံနက် ၈ နာရီခန့်တွင် ဘုတလင်မြို့ပေါ်မှ အင်အား ၈၀ ခန့်ဖြင့် ထန်းတန်း ကျေးရွာသို့ ခြေလျင်စစ်ကြောင်းထိုးလာရာ ယင်းကျေးရွာနေပြည်သူများနှင့် အနီးအနားကျေးရွာများ ဖြစ်သော မြောက်တောကျေးရွာ၊ ပဲပစ်တောကျေးရွာနှင့် တလိုင်းကျေးရွာတို့မှ ပြည်သူများမှာ အရေးပေါ် ထွက်ပြေး တိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

“ဘုတလင်မြို့ပေါ်က ထန်းတန်းရွာဘက်ကို ခြေလျင်စစ်ကြောင်းစထိုးလာတဗျ၊ အင်အားကတော့ ၈၀ လောက်ရှိမယ်လို့ သိထားရတယ်၊ အခုချိန်မှာတော့ စစ်ကြောင်းက ရွာကို ဘာမှမလုပ်သေးဘူး၊ ရွာသား တွေကတော့ အကုန်ကြောက်လန့်ပြီး ထွက်ပြေးနေကြရတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဩဂုတ်လ ၇ ရက်နေ့လည်ပိုင်းကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့မှ ဘုတလင်မြို့ ပေါ်ရှိ မီးသတ်စခန်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

Photo – စစ်ကိုင်းတိုင်းအတွင်း စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာမှုကြောင့် ထွက်ပြေးတိမ်းရှောင် နေရသော ပြည်သူများ (ပုံအဟာင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article