24 C
Yangon

ဒီပဲယင်းမြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုး နေသောကြောင့် ကျေးရွာ ၇ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော်ထွက်ပြေး တိမ်းရှောင်နေရ

Must read

ဒီပဲယင်းမြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုး နေသောကြောင့် ကျေးရွာ ၇ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော်ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ သြဂုတ် ၈

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး နေသောကြောင့် ကျေးရွာ ၇ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော်ထွက်ပြေး တိမ်းရှောင်နေရကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၈ ရက်နေ့ ညနေပိုင်းတွင် အကြမ်းဖက် စစ်တပ်က ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်လာသော​ကြောင့် ကျေးရွာ ၇ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော်ထွက်ပြေး တိမ်းရှောင်နေရကြောင်းသိရသည်။

လက်ရှိချိန်တွင် အင်းတန်း၊ တောကျောင်း၊ ဝဘာ၊ သပြေသာနှင့် မဲသယ် စသည့် ကျေးရွာများမှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး အနီးအနားရှိ ကျေးရွာများမှ ပြည်သူများကလည်း ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေပြီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းက လမ်းတလျှောက် သေနတ်များ ပစ်ဖောက်လျက်ရှိကြောင်း သိရှိရသည်။

“အခုညနေပိုင်း ဒီပဲယင်းအနောက်ခြမ်းက ကျေးရွာပေါင်း ၇ရွာလောက် တိမ်းရှောင်နေကြရပြီ စစ်ရှောင် ပြည်သူ ၅ထောင်ကျော်လောက်ရှိမယ် စစ်ကြောင်းက ဒီပဲယင်းဝင်ထားတော့ ဘယ်ကိုထွက်မယ်မသိရသေးဘူး။

ဒီပဲယင်းနဲ့ နီးနေတာကြောင့် လက်နက်ကြီးနဲ့ထုမှာလဲကြောက်ကြတဲ့အတွက် ကြိုတင်တိမ်းရှောင်နေကြရတယ်။

ဒီပဲယင်းကနေ ရေဦးအနောက်ခြမ်း ချောင်းရိုးရွာအနီး ရှေ့ပြေးစစ်ခွေးတချို့ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်နေတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) ကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article