38 C
Yangon

ထားဝယ်မြို့ပေါ်တွင် ဆေးခန်းသွားပြသည့် လောင်းလုံးမြို့နယ်မှ ပြည်သူ ၈ ဦးကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး

Must read

ထားဝယ်မြို့ပေါ်တွင် ဆေးခန်းသွားပြသည့် လောင်းလုံးမြို့နယ်မှ ပြည်သူ ၈ ဦးကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး

ရန်ကုန်၊ သြဂုတ် ၁၀

ထားဝယ်မြို့ပေါ်တွင် ဆေးခန်းသွားပြသည့် လောင်းလုံးမြို့နယ်မှ ပြည်သူ ၈ ဦးကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း Dawei Information Center မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၄ ရက်နေ့တွင် လောင်းလုံးမြို့နယ်၊ ပညစ်ရွာသား ၈ ဦးသည် ထားဝယ်မြို့ပေါ်တွင် ဆေးခန်းသွားပြစဥ် အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးခဲ့ပြီး ၆ ရက်ကြာသည်အထိ မိသားစုနှင့် ဆက်သွယ် မရသေးကြောင်း သိရသည်။

ဖမ်းဆီးခံရသူ ၈ ဦးမှာ ဦးမြင့်၊ ဒေါ်ပိုသန်း၊ မသန်းအေး၊ ကိုကျော်ဆန်း၊ ဦးအောင်ဖေသန်း၊ မဇာ၊ မဌေးဌေးနှင့် မအေး ဆင့်တို့ဖြစ်ကြောင်း၊ လက်ရှိချိန်ထိ ထားဝယ်မြို့ မည်သည့် နေရာ၌ ဖမ်းဆီးထားသည်ကို မသိရှိရသေးဘဲ ဖမ်းဆီးခံရသူ အားလုံးသည် နိုင်ငံရေး ကိစ္စများနှင့် ပတ်သက်မှု မရှိဘဲ သာမန်ပြည်သူများသာ ဖြစ်​ကြောင်း သိရှိရသည်။

အဆိုပါ ဖမ်းဆီး ခံရသူများအနက် ဦးမြင့်၊ ဦးအောင်ဖေသန်းတို့ ၂ ဦးသည် နာမကျန်းသူများဖြစ်ပြီး ၎င်းတို့၏ ကျန်းမာရေး အခြေနေကို မိသားစုဝင်များမှ စိုးရိမ်လျက်ရှိကြောင်း၊ ထားဝယ်မြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်က နေ့စဥ် ဖမ်းဆီးခြင်းများ ပြန်လည် လုပ်ဆောင်လာကြောင်း သိရသည်။

Photo – အကြမ်းဖက် စစ်တပ်က ပြည်သူများကို အကြောင်းမဲ့ စစ်ဆေး ဖမ်းဆီးနေစဥ် (ပုံအဟောင်းဖြစ်သည်)

အကြမ်းဖက် စစ်တပ်က ပြည်သူများကို အကြောင်းမဲ့ စစ်ဆေး ဖမ်းဆီးနေစဥ် (ပုံအဟောင်းဖြစ်သည်)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article