38 C
Yangon

Breaking News- အခေါက်ရွှေစျေး တစ်ကျပ်သား ၃၇ သိန်းကျော်သွားပြီး ထိုင်းတစ်ဘတ်လျှင် မြန်မာကျပ်ငွေ ၁၀၀ ကျော်ရောက်ရှိ

Must read

Breaking News- အခေါက်ရွှေစျေး တစ်ကျပ်သား ၃၇ သိန်းကျော်သွားပြီး ထိုင်းတစ်ဘတ်လျှင် မြန်မာကျပ်ငွေ ၁၀၀ ကျော်ရောက်ရှိ

■ အမေရိကန် တစ်ဒေါ် လာလျှင် ၃၅၅၀ ကျပ်စျေးပေါက်နေပြီး ကျပ်ငွေတန်ဖိုး ထိုးကျနေ

ရန်ကုန်၊ ဩဂုတ် ၁၀

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အခေါက်ရွှေစျေးနှုန်းသည် တစ်ကျပ်သား လျှင် ငွေကျပ် ၃၇ သိန်း ၃ သောင်း ၅ ထောင်ကျပ်( ၃,၇၃၅,၀၀၀) သို့ ရောက်ရှိ နေပြီး နိုင်ငံခြားငွေလဲနှုန်း တွင်လည်း မြန်မာကျပ်ငွေတန်ဖိုး ထိုးကျကာ ထိုင်းတစ်ဘတ်လျှင် မြန်မာ ကျပ်ငွေ ၁၀၀ ကျော်ရောက်ရှိနေကြောင်း သိရှိရသည်။

ငွေလဲနှုန်းတွင် အမေရိကန်ဒေါ်လာတစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၃၅၅၀ ကျပ် ဝန်းကျင်စျေးရှိနေပြီး တရုတ်ယွမ်၊ မလေးရှားရင်းဂစ်၊ စင်ကာပူ ဒေါ်လာ နှင့် မြန်မာကျပ်ငွေ လဲလှယ်နှုန်းထားများတွင်လည်း ကျပ်ငွေ တန်ဖိုး ထိုးကျနေ ကြောင်း၊ စင်ကာပူ တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၂၅၅၅ ကျပ်၊ မလေးရှား တစ်ရင်းဂစ်လျှင် မြန်မာကျပ်ငွေ ၇၇၀ ကျပ်၊ တရုတ်တစ်ယွမ် လျှင် မြန်မာကျပ် ငွေ ၅၀၅ ကျပ် ပေါက်စျေးရှိကြောင်း၊ ရွှေစျေးနှုန်းမှာလည်း ကမ္ဘာ့ရွှေ စျေး ထိုးကျသော်လည်း မြန်မာ့ရွှေစျေးထိုးတက်နေကြောင်း သိရှိရ သည်။

“ကမ္ဘာ့ရွှေစျေးက ကျပေမယ့် မြန်မာ့ရွှေစျေးတက်တာက ဒေါ်လာစျေးမှာ မြန် မာ ကျပ်ငွေ တန်ဖိုးကျနေတယ်။ အဲဒါကြောင့် မြန်မာ့ရွှေစျေးက လိုက်မကျဘဲ ထိုး တက်နေတာ။ စျေးနှုန်းက ပေါက်စျေး ပဲရှိတယ်။ အရောင်းမရှိဘူး။ အဝယ် တွေပဲရှိတယ်” ဟု ရွှေဘုံသာလမ်းမှ ရွှေကုန်သည်တစ်ဦးက ပြောဆိုသည်။

စင်ကာပူ UOB ဘဏ်က မြန်မာနိုင်ငံမှ စစ်တပ်နှင့် စီးပွားရေးလုပ်ငန်းများ၏ ဘဏ်ငွေ စာရင်း များကို ယခုဩဂုတ်လနှင့်စက်တင်ဘာလမှစတင်၍ ပိတ် သိမ်းမည့် သတင်းကြောင့်လည်း ပြည်တွင်းစီးပွားရေးကဏ္ဍတွင် သက် ရောက် မှုများစွာ ဖြစ်ပေါ်နေကာ မြန်မာကျပ်ငွေ တန်ဖိုး ပိုမို ထိုးကျနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article