37 C
Yangon

ကနီနှင့် ယင်းမာပင်ရှိ ပျူစောထီးစခန်းနှင့် စစ်ကြောင်းများကို မောင်းသူမဲ့ လေယာဥ်ငယ်များဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ကနီနှင့် ယင်းမာပင်ရှိ ပျူစောထီးစခန်းနှင့် စစ်ကြောင်းများကို မောင်းသူမဲ့ လေယာဥ်ငယ်များဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ သြဂုတ် ၁၁

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်နှင့် ယင်းမာပင်မြို့နယ်ရှိ ပျူစောထီးစခန်းနှင့် စစ်ကြောင်းများကို မောင်းသူမဲ့ လေယာဥ်ငယ်များဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေးမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၁၀ ရက်နေ့ နံနက် ၉ နာရီ ၂၃ မိနစ်တွင် ကနီမြို့နယ် အလယ်ကျွန်းပျူရွာစခန်းကို လက်နက်ရိက္ခာများထောက်ပို့ရန် လာရောက်သည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်ကို ကနီမြို့အထွက် အနီးတွင် မောင်းသူမဲ့ လေယာဥ်ငယ်များဖြင့် ဗုံးသီး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းနေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်တွင် ယင်းမာပင်မြို့နယ်၊ ဘန်ဘွေးရွာရှိ ပျူစောထီး ကင်းစခန်းကို ဗုံးသီး ၁ လုံးဖြင့်လည်ကောင်း၊ မွန်းလွဲ ၂ နာရီခန့်တွင် ယင်းမာပင်မြို့နယ်၊ ပန်းထိမ်ပြင်သစ်ကွင်းထဲမှ သစ်များကိုခိုးယူနေသော စစ်သားများကို ဗုံးသီး ၃ လုံးဖြင့် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့၀င်များ၏ တိုက်ခိုက်ရေး ဒရုန်းလေယာဥ်ငယ် ၂ စီးကို စစ်တပ်က Drone Gun ဖြင့်ပြန်လည်ပစ်ခတ် တိုက်ခိုက်မှုကြောင့် ကနီမြို့အနီးတွင် ပျက်ကျ ပျောက်ဆုံးခဲ့ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့၀င်များ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်ပျက်ဆီးမှု များရှိနိုင်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team(3)PDAF၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team(4)SSTF၊ စစ်ကိုင်းခရိုင်၊တပ်ရင်းအမှတ်(၄)MSPDF၊ ဗိုလ်ချုပ်၊၀က်လက်၊ နဂါးညီနောင်အဖွဲ့၊ ကျောက်လုံးကြီးKLGတပ်မဟာ၊ အနောက်ပိုင်းတိုက်ခိုက်ရေး (001)CDSOM၊ MRTF အရာတော်၊ Monywa Ranger၊ Seven People Defense Force-Mandalay၊ Union Brothers-UB(ပြည်သူ့အကျိုးဆောင်အဖွဲ့)၊ ကြောက်ခေတ်ကိုမှောက်ပစ်မယ်ထောက်ပို့အဖွဲ့၊ ဒေါနစစ်ကြောင်း၏ဖိုးမောင်ပြန်လာပြီဇာတ်ကားထောက်ပို့အဖွဲ့၊ Support To Federal Democracy၊ မဖြူလေးနှင့် ဒေသခံတပ်ရင်းတပ်ဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article