28 C
Yangon

ညောင်ဦးမြို့နယ်၊ လက်ပံခြေပေါ်ရွာသား အငြိမ်းစား ကျောင်းဆရာ ဦးဘိုမြင့်ကို စစ်တပ်က ပစ်သတ်ပြီး ရုပ်အလောင်း ပြန်မပေး

Must read

ညောင်ဦးမြို့နယ်၊ လက်ပံခြေပေါ်ရွာသား အငြိမ်းစား ကျောင်းဆရာ ဦးဘိုမြင့်ကို စစ်တပ်က ပစ်သတ်ပြီး ရုပ်အလောင်း ပြန်မပေး

ရန်ကုန်၊ ဩဂုတ် ၁၁

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ လက်ပံခြေပေါ်ရွာသား အငြိမ်းစား ကျောင်းဆရာ ဦးဘိုမြင့်ကို စစ်တပ်က ပစ်သတ်ပြီး ရုပ်အလောင်း ပြန်မပေးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၁၀ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ညောင်ဦးမြို့နယ်ရှိ လက်ပံခြေပေါ်ရွာသား အငြိမ်းစား ကျောင်းဆရာ ဦးဘိုမြင့်ကို အကြမ်းဖက်စစ်တပ်က ပစ်သတ်ပြီး အမှုမလုပ် မတိုင်လျှင် အလောင်းပြန်ပေးမည်ဟုဆိုကာ လက်ရှိချိန်ထိ အလောင်းပြန်ပေးခြင်း မရှိသေးကြောင်း၊ အငြိမ်းစား ကျောင်းဆရာ ဦးဘိုမြင့်သည် ပင်စင်မယူခင်က Non CDM ကျောင်းဆရာ ဖြစ်​ပြီး မြစ်ဆိပ်ရေချိုးဆင်းချိန်တွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

“အလောင်း ပြန်မရသေးဘူးတဲ့ အမှုမလုပ် မတိုင်ရင် ပြန်ပေးမယ် ပြောတယ်။ ပင်စင်စားပါ မြစ်ဆိပ်ရေချိုးဆင်းတာ စစ်သားက ပစ်သတ်တာ အချိန် ညနေ ၄ နာရီလောက်ပါ။ ပင်စင်မယူခင်က Non CDM ပါ။ စစ်သင်္ဘောဖြတ်မယ်ဆိုပြီး စစ်ခွေးတွေ မြစ်ဆိပ်မှာ အစောင့်ချထားတာ အဲစစ်ခွေးတွေက ပစ်သတ်သွားတာ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောပြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article