27 C
Yangon

လောင်းလုံးတွင် ယာဥ်တန်းဖြင့် လာသည့် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု အမှတ် ၄၁၀ ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီး ဝေမင်းသူနှင့် ပျူစောထီး ၁ ဦးတို့ သေဆုံး

Must read

လောင်းလုံးတွင် ယာဥ်တန်းဖြင့် လာသည့် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု အမှတ် ၄၁၀ ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီး ဝေမင်းသူနှင့် ပျူစောထီး ၁ ဦးတို့ သေဆုံး

ရန်ကုန်၊ ဩဂုတ် ၁၁

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်ဝပ်ပြင်ကျေးရွာအနီးတွင် ယာဥ်တန်းဖြင့် လာသည့် စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ အမှတ် ၄၁၀ ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီး ဝေမင်းသူနှင့် ပျူစောထီး ၁ ဦးတို့ သေဆုံးခဲ့ကြောင်း လောင်းလုံး မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ပြော ကြား သည်။

ဩဂုတ်လ ၈ ရက် ညနေ ၃ နာရီခန့်က လောင်းလုံးမြို့နယ်၊ ကျောက်နီမော် ပျူစောထီးစခန်းမှ ကျောက်ဝပ်ပြင်ကျေးရွာသို့ အကြမ်းဖက်စစ်ကား တစ်စီးနှင့် ဆိုင်ကယ်တစ်စီးဖြင့် ထွက်လာသော အင်အား ၁၀ ခန့်ရှိ အကြမ်းဖက်စစ်သား ပျူစောထီးများကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များမှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီး အမှတ် ၄၁၀ ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီး ဝေမင်းသူနှင့် ကျောက်နီမော်ပျူစောထီးခေါင်းဆောင် ချစ်စမ်းမောင်၏ ညာလက်ရုံးတပည့် စုကမ်းတို့ သေဆုံးကာ ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

” စစ်ခွေးတွေပါတဲ့ကားက သံပြားတွေ အထပ်ထပ်ကာထားတော့ ကျည်မပေါက်ဘူး တော်တော် ခက်ခက်ခဲခဲ ပစ်ခတ်ခဲ့ရတယ်။ အပြီးလုပ်မယ်လို့ကို စစ်ခွေးတွေက ယာဥ်တန်းတွေခွာပြီး နောက်က စစ်ကူပါလာလို့ ကျွန်တော်တို့ ဆုတ်လိုက်ရတယ်။ အလောင်းတွေကို ခွေးတွေ သဂြိုလ်လိုက်ပြီလို့ သိရတယ်” ဟု လောင်းလုံး မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

ယင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားသော ဗိုလ်ကြီး ဝေမင်းသူနှင့် ပျူစောထီး စုကမ်း၏ အလောင်းကို ဩဂုတ်လ ၉ ရက်နေ့က ကျောက်နီမော်သင်္ချိုင်း၌ သင်္ဂြိုလ်လိုက်ပြီး ထိခိုက်ဒဏ်ရာရရှိသူများတွင် ကျောက်နီမော် ပျူစောထီးခေါင်းဆောင် ချစ်စမ်းမောင်လည်းပါဝင်သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- LLPDF တပ်ဖွဲ့ဝင်များမှ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်က စစ်ကား အကြီး ၂ စီးဖြင့် အင်အား ၁၅ ခန့်မှ လက်နက် ကြီး၊ လက်နက်ငယ်များပစ်ခတ်ကာ စစ်ကူရောက်ရှိလာသဖြင့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအပြီး ညပိုင်း၌ ထားဝယ်မြို့မှ အကြမ်းဖက်စစ်ကောင်စီတပ်သားအင်အား ၅၀ ခန့် သည် ရေကြောင်းမှ ကျောက်နီမော်ကျေးရွာသို့ ရောက်ရှိလာသဖြင့် မိဘပြည်သူများအနေဖြင့် စစ်ရေး သတိအမြဲရှိကာ မလိုအပ်ပဲ ခရီးသွားလာခြင်းမပြုကြရန် လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က တိုက်တွန်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article