Khit Thit သတင်းဌာန၏ ဩဂုတ် ၁၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဩဂုတ် ၁၆ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– စစ်ကိုင်းတိုင်း၊ ကလေးမြို့ တောင်ပိုင်းမှာရှိတဲ့ သာစည်-ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေမှာ ဓာတုအဆိပ် ဓာတ်ငွေ့တွေ ပါဝင်နိုင်ဖွယ်ရှိပြီး ၊ ပြည်သူ အယောက်၂၀ ဝန်းကျင်အဆိပ်သင့်ခဲ့တဲ့အတွက် ဆေးဝါးကုသ မှုခံယူနေရတယ်လို့ ဆေးဝါးကုသပေးနေတဲ့ ဆေးတပ်ဖွဲ့ရဲ့ ရဲဘော်တစ်ဦးက ရန်ကုန် ခေတ်သစ်ကို ပြောပါတယ်။
– ရခိုင်ပြည်နယ်မှာ ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေး ကို စစ်တွေဆန်ပြဿနာနေ့ အထိမ်းအမှတ်ပွဲ လုပ်တဲ့အမှုနဲ့ ပက်သက်ပြီး အကြမ်းဖက် စစ်တပ်က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
– ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်က ဇလုပ်ကြီး-ကျေးရွာကို ဒီကနေ့ ဩဂုတ်လ ၁၆ ရက်နေ့ မနက်ပိုင်းမှာ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံးခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။