31 C
Yangon

ကလေးမြို့နယ်ရှိ သာစည်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး

Must read

ကလေးမြို့နယ်ရှိ သာစည်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဩဂုတ်၁၆

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ သာစည်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဩဂုတ် ၁၆ ရက်နေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်တပ်က သာစည်ရွာကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ဒေသပြည်သူများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရသည်။

“ရွာထဲကို ညက စဝင်နိုင်သွားတာ စစ်ခွေးတွေက နေအိမ်တွေကို မီးရှို့နေတာ”ဟု ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။

သာစည်ကျေးရွာသည် အိမ်ခြေ ၁၅၀၀ ကျော်ရှိပြီး အကြမ်းဖက် စစ်တပ်က သြဂုတ်လ ၁၅ ရက်နေ့တွင် အင်အားအလုံးအရင်း အသုံးပြုပြီး လေကြောင်း ပစ်ကူများဖြင့်ပါ စစ်ကြောင်းထိုးနေသည့်အတွက် လက်ရှိချိန်ထိ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေကြရ​ကြောင်း ဒေသပြည်သူများက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article