28 C
Yangon

စစ်အာဏာရှင်တော်လှန်ရေးတွင် “သတ်သင့်သောလူကို သတ်ရမှာပဲ။ သေသင့် သောလူလည်း သေရမှာပဲ”ဆိုသော နိယာမ သဘောတရားဖြင့် ရန်ငါပြတ် ကြရန်နှင့် မတွေဝေကြရန် မြေပြင်တပ်မှူးနှင့် တပ်သား များကို KA စစ်ဦးစီး ချုပ် သတိပေး

Must read

စစ်အာဏာရှင်တော်လှန်ရေးတွင် “သတ်သင့်သောလူကို သတ်ရမှာပဲ။ သေသင့် သောလူလည်း သေရမှာပဲ”ဆိုသော နိယာမ သဘောတရားဖြင့် ရန်ငါပြတ် ကြရန်နှင့် မတွေဝေကြရန် မြေပြင်တပ်မှူးနှင့် တပ်သား များကို KA စစ်ဦးစီး ချုပ် သတိပေး

ရန်ကုန်၊ ဩဂုတ် ၁၇ စစ်အာဏာရှင်တော်လှန်ရေးတွင် “သတ်သင့်သောလူကို သတ်ရမှာပဲ။ သေသင့် သောလူလည်း သေရမှာပဲ”ဆိုသော တော်လှန် ရေး နိယာမ သဘောတရားဖြင့် ရန်ငါပြတ်နိုင်ကြရန်နှင့် မတွေဝေကြရန် မြေပြင်တပ်မှူး၊ တပ်သားများကို ကရင်နီပြည် တပ်မတော် KA/KNDF စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ်က သတိပေး ပြောဆိုလိုက်သည်။ ယနေ့ဩဂုတ်လ ၁၇ ရက်နေ့ ကျရောက်သည့် ၇၅ နှစ်မြောက် ကရင်နီပြည် တပ်မတော်နေ့တွင် ကရင်နီပြည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်မြတ်က အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။ လက်ရှိအခြေအနေတွင် ကရင်နီပြည်တပ်မတော် သည် ကြေးစားတပ် မဟုတ် ဘဲ မျိုးချစ်တပ်ဖြစ်ကြောင်း၊ ဥပဒေကိုလေးစားပြီး စည်းကမ်းရှိကြရန် နှင့် အမိန့်နာခံ ကြရန် လိုအပ်ကြောင်း ၊ လူထုကို ကာကွယ်ရမည် ဖြစ် ကြောင်း ၎င်းက ပြောဆိုသည်။ “တော်လှန်ရေး ဆိုသည်မှာ သတ်သင့်သောလူကို သတ်ရမှာပဲ၊ သေသင့်သောလူ လည်း သေရမှာပဲ။ တော်လှန်ရေး နိယာမ သဘောတရားဖြစ်သည်။ ထို့ကြောင့် ရန်ငါသိရမည် သို့မှသာ ရန်ငါပြတ်နိုင်မှာ။ တပ်မှူးများ မတွေဝေပါနှင့်။ မြန်မာ စကားပုံတစ်ခု၏ လူ့အလို နတ်မလိုက်နိုင်ပါ၊ ရန်သူ၏ အခြေအနေ မကောင်း တော့သည်ကို မြေပြင်တွင်ရှိနေသော တပ်မှူး တပ်သားများ ပိုတွေ့မြင်ရမည် ဖြစ်သည်” ဟု KA/KNDF စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ်က ပြောဆို သည်။ ထို့ပြင် ကရင်နီပြည်နယ်တွင် ရှေးယခင်ကတည်းက အင်အားအများအပြားဖြင့် ထိုးစစ်ဆင်သော ရန်သူများ တပ်ပျက်သွားလေ့ရှိဟု KA/KNDF စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ်က ရှင်းလင်းပြောဆိုသည်။ “ကရင်နီပြည်သည်‌ သေးငယ်သော်လည်း ရန်သူများ အဆမတန် အင်အား များဖြင့် စစ်ဆင်လာသော်လည်း နောက်ဆုံး တပ်ပျက်သွားပါသည်။ ထိုအဖြစ် အပျက်သည် ယနေ့မှ မဟုတ်ပါ။ အနော်ရထာမင်းလက်ထက် ကတည်းကပင် ဖြစ်သည်။ အနော်ရထာမင်းသည် ကျွဲဖြူခတ်၍ နတ်ရွာစံခဲ့သည်ဟု ဗမာ့သမိုင်း တွင် မှတ် သားထား သည်။ မည်သည့်နေရာတွင် ကျွဲဖြူခတ်၍ နတ်ရွာစံ ခဲ့ကြောင်း မရေးသားထားပါ။ အနော်ရထာမင်းက ကရင်နီပြည်တွင် ကျွဲဖြူခတ် ၍ နတ်ရွာစံပါကြောင်း အထောက်အထားတွေ ရှိပါသည်” ဟု ဗိုလ်မှူးချုပ် အောင်မြတ် က ပြောဆိုသည်။ လက်ရှိ စစ်အာဏာရှင် တော်လှန်ရေးတွင် ဗမာလူမျိုးပါ ပါဝင်လာ၍ တော်လှန်ရေး အောင်မြင်ခြင်းသို့ ရောက်ရှိမည်ဟု လုံး၀ယုံကြည်ကြောင်း ဗိုလ်မှူးချုပ် အောင်မြတ်က ဆိုသည်။ “မြန်မာပြည်မှာ ဗမာလူမျိုးအများစုမှာ တော်လှန်ရေးတွင် ပါဝင် တော်လှန်လာကြပြီဖြစ်သောကြောင့် တော်လှန်ရေးအင်အားကောင်းမွန်လာပြီး အောင်မြင်ခြင်းသို့ ရောက်ရှိမည်ဟု လုံး၀ယုံကြည်သည်” ဟု ၎င်းက ပြောဆိုသည်။ ကရင်နီပြည်တပ်မတော်သည် ၁၉၄၈ ခုနှစ် ဩဂုတ်လ ၁၇ ရက်နေ့တွင် တပ်မှူး ၇ ဦး၊ ရဲဘော် ၇ ဖော်ဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် သက်တမ်း ၇၅ နှစ်ရှိနေပြီဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article