29 C
Yangon

အကြမ်းဖက် စစ်တပ်ကို လုံးဝအနားယူခွင့်မပေးဘဲ အမြစ်ပြတ်သည်အထိ ဝိုင်းပတ် ချေမှုန်းရမည့် တော်လှန်ရေးအဆုံး အဖြတ် ကာလကို မကြာမီ ရောက်ရှိလာတော့မည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန ပြောဆို

Must read

အကြမ်းဖက် စစ်တပ်ကို လုံးဝအနားယူခွင့်မပေးဘဲ အမြစ်ပြတ်သည်အထိ ဝိုင်းပတ် ချေမှုန်းရမည့် တော်လှန်ရေးအဆုံး အဖြတ် ကာလကို မကြာမီ ရောက်ရှိလာတော့မည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန ပြောဆို

ရန်ကုန်၊ ဩဂုတ် ၁၇

အကြမ်းဖက် စစ်တပ်ကို လုံးဝအနားယူခွင့်မပေးဘဲ အမြစ်ပြတ်သည်အထိ ဝိုင်းပတ်ချေမှုန်းရမည့် တော်လှန်ရေးအဆုံး အဖြတ်ကာလသို့ မကြာမီရောက်ရှိလာတော့မည်ဖြစ်ကြောင်း ယနေ့ ကျရောက် သော ၇၅ နှစ်မြောက် ကရင်နီတပ်မတော်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနက ပေးပို့ သဝဏ်လွှာ၌ ထည့်သွင်းပြောဆိုထားသည်။

အကြမ်းဖက် စစ်တပ်သည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှ စတင် ၍ လေကြောင်း၊ သံချပ်ကာ၊ လက်နက်ကြီး၊ အ မြောက်၊ အတွဲလိုက်ပစ်ဒုံးများ အသုံးပြုပြီး အင်အားအလွန်အကျွံဖြင့် ကရင် နီ ပြည်နယ်ကို ထိုးစစ်ဆင် လျက်ရှိသည်မှာ ယနေ့တိုင်ပင် ဖြစ် ကြောင်း၊ နှစ်နှစ်တာ ကာလအတွင်း ကရင်နီတပ်မတော်နှင့်တကွ အခြားသော ကရင်နီအမျိုးသားတော်လှန်ရေး တပ်ဖွဲ့များ၏ စုစည်းညီညွတ်မှု၊ ကြိုးစားအားထုတ်မှုနှင့် စွန့် လွှတ် အနစ်နာခံမှုများကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြရပြီးဖြစ် ကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာနက ပြောဆိုထား သည်။

နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ သံတမန်ရေး အစရှိသည့် နယ် ပယ်ပေါင်းစုံတွင် ကျရှုံး လျက်ရှိသော အကြမ်းဖက်စစ်တပ်နှင့် စစ်ကောင်စီအား လုံးဝအနားယူခွင့်မပေးပဲ အမြစ်ပြတ်သည်အထိ ဝိုင်းပတ် ချေမှုန်းရမည့် တော်လှန်ရေး၏ အဆုံးအဖြတ် ကာလသို့ မကြာမီ ရောက်ရှိလာတော့မည်ဟု ယုံကြည်ပါ ကြောင်း NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဆက်လက်ပြောကြားသည်။

အကြမ်းဖက်စစ်တပ်အနေဖြင့် မည်မျှပင် ရုပ်ပိုင်းဆိုင်ရာအင် အား သာလွန်နေစေကာမူ ကရင်နီပြည် စစ်မြေပြင်တွင် အလူး အလဲ ရှုံးနိမ့်လျက်ရှိကြောင်း၊ ကရင်နီတပ်မတော်၊ ကရင်နီ အ မျိုးသားကာကွယ်ရေးတပ်နှင့် အခြားသောတော်လှန်ရေး တော်လှန်ရေးတပ်ဖွဲ့များ၏ ထက်သန်ပြင်းပြသော တော်လှန် တိုက် ခိုက်လိုစိတ်၊ စစ်ရေးစွမ်းရည်နှင့် ပူးပေါင်းအားထုတ်မှု များကို အလေးအနက် ဦးညွှတ်အသိအမှတ်ပြု ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သဝဏ်လွှာတွင် ဖော်ပြထား သည်။

ထို့ကြောင့် ယနေ့ကျရောက်သော ဒုတိယစိန်ရတု (၇၅) နှစ် မြောက် ကရင်နီတပ်မတော်နေ့တွင် ကရင်နီ တပ်မတော်၏ သစ္စာအဓိဌာန်များကို ဦးထိပ်ပန်ဆင်လျက် ပြည်သူ့တော်လှန် ရေးကြီး အောင်မြင်သည်အထိ ဦးလည်မသုန် ကြိုးပမ်းဆောင် ရွက်နိုင်သည့် တပ်မတော်တရပ်ဖြစ်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလျက် ဤသဝဏ်လွှာကို ဂုဏ်ယူစွာဖြင့် ပေးပို့အပ်ပါကြောင်း ရေးသားထားသည်။

ကရင်နီတပ်မတော်သည် ကရင်နီအမျိုးသားတော်လှန်ရေးသမိုင်း၏ လိုအပ်ချက်နှင့် အညီ ပေါက်ဖွား လာခဲ့သော တပ်မတော်တရပ်ဖြစ်ပြီး ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ၏ နိုင်ငံရေး ဦးဆောင်လမ်း ညွှန်မှုများကို ခံယူလျက် ကရင်နီပြည်သူများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူရေး နှင့် တရားမျှတမှုရရှိရေးတို့ကို ဖော်ဆောင်ရန် ယနေ့တိုင် ခုခံတွန်းလှန်းစစ်ဆင်နွှဲနေသည့် တပ်မတော် တစ်ရပ်ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article